"LOVE" don't need words
Episode-1
မိုးသဲကြီးမဲကြီးရွာနေသောနေ့
"OMMA!!!!!!!"
သွေးအိုင်ထဲက အသက်မဲ့နေတဲ့သူ့အမေရဲ့ခန္ဓာကိုယ်ကို မနိုင်မနင်းပွေ့ထားတဲ့ ၁၀နှစ်အရွယ်ကောင်လေးတစ်ယောက် မျက်ရည်တွေနဲ့ အသံကုန်အော်ပြီးနောက်
သူပါ မိုးရေထဲသတိလစ်သွားခဲ့တယ်
~~~~~~~10နှစ်ခန့်ကြာပြီးနောက်
"ဘုတ်"
JBသူ့ကိုတိုက်ပြီး ခေါင်းသာတစ်ချက်ညိမ့်ပြသွားတဲ့ ကောင်လေးကို ကြည့်ရင်း ခေါင်းတစ်ချက်ခါလိုက်ပြီး ကျသွားတဲ့စာအုပ်တွေကိုသာ ပြန်ကောက်ရင်းကျန်ခဲ့တယ်
"ဘာတွေအလိုမကျဖြစ်နေတာလဲ
Jaebum ah"Markက
JBပခုံးကိုဖတ်ရင်းမေးလိုက်တယ်"ခုခေတ်ကလေးတွေမလွယ်ဘူး သူကဝင်တိုက်ပြီး တောင်းပန်ပါတယ် တစ်ခွန်းတောင်ပြောမသွားဘူး"
"ဘယ်သူလဲ"
JB သူတို့နဲ့ ခပ်လှမ်းလှမ်းကိုရောက်နေပြီဖြစ်တဲ့ ခပ်လုံးလုံးကောင်လေးရှိရာကိုမေးငေါ့ပြတော့
"Awwသူလား သူ့နာမည်က
Youngjaeတဲ့
ဇာတ်ညွှန်း majorပထမနှစ် သူ့မှာညီတစ်ယောက်ရှိတယ်
Bambamတဲ့
အရင်းတော့မဟုတ်ဘူးဝမ်းကွဲ ငယ်ငယ်ကကျောင်း ၁နှစ်နားထားရလို့ သူ့ညီနဲ့အတန်းတူသွားတယ်ကြားတယ်
ပြီးတော့ နည်းနည်းထူးဆန်းတယ်
သူက မင်းကိုမှမဟုတ်ဘူး ဘယ်သူ့ကိုမှစကားမပြောတာ ဆရာဆရာမတွေကိုပါမပြောတာ
တချို့သူတွေကတော့ သူကို အချေမင်းသားလို့ခေါ်တယ် ""အင်းး စိတ်ဝင်စားစရာပဲ😌"
"ဟေ့ဟေ့ Im Jaebum ဟိုကချေတယ်ဆိုပေမယ့် ငယ်ငယ်လေးပဲရှိသေးတာနော် မင်းလိုplayboyဆီက စိတ်ဝင်စားတယ်ဆိုတဲ့စကားကြားရင် လန့်လွန်းလို့ပါကွာ 😏"
"ငါဘာလုပ်လို့လဲ"
"မသိဘူးထင်နေလား မင်းက အဲ့လိုချေမိုးနေတဲ့ဟာလေးတွေကို
အတင်းလိုက်တယ်
အဖြေရရင်ထားခဲ့တယ် ရိုးနေပြီ""အဲ့ဒါမင်းအပူပါလား
အဲ့ဒါအသာထားပါ
မင်းကသူ့အကြောင်း သိလှချည်လား ကျောင်းသားရေးရာဝန်ထမ်းလဲမဟုတ်ပဲနဲ့😏"
YOU ARE READING
"LOVE" don't need words
Fanfictionအချစ်ဆိုတာ ပါးစပ်ကထုတ်ပြောမှသိမှာလား ဟင့်အင်း တကယ်တမ်းနှလုံးသားခြင်း စကားပြောလို့ရသွားရင် ဘာစကားလုံးမှမလိုအပ်တော့ပါဘူး