Episode -4

43 10 2
                                    

"LOVE" don't need words

Episode-4

Youngjae's Pov:

ဒီနေ့appa အသိရဲ့သားတစ်ယောက် အိမ်မှာခဏလာနေမယ်တဲ့
သူ့နေဖို့အတွက် အခန်းပြင်ဆင်ပေးပြီး လုပ်စရာသိပ်မရှိတာနဲ့ ဆင်ဝင်အောက်မှာ ကလေးတွေကိုပုံပြောပြဖို့ လေ့ကျင့်နေတဲ့အချိန် နောက်ကနေ တစ်ယောက်ယောက်က ကျွန်တော့်ကိုကြည့်နေတယ်လို့ ခံစားလိုက်ရတယ်…

appaပြောထားတဲ့ ဧည့်သည်ရောက်လာတာဖြစ်မယ်

ဒါပေမယ့်လေ…

အဲ့အချိန် ကျွန်တော်လှည့်မကြည့်လိုက်သင့်ဘူး ရောက်လာမယ့် ဧည့်သည်က hyungမှန်းကြိုသိခဲ့ရင် ကျွန်တော်လှည့်ကြည့်မိခဲ့မှာမဟုတ်ဘူး

မဟုတ်ဘူး…
အိမ်မှာတောင် ဆက်နေဖြစ်မှာမဟုတ်ဘူး
ကျွန်တော်က အပြစ်လုပ်ထားတဲ့သူမလား hyungကိုဘယ်လိုလုပ်ပြီးရင်ဆိုင်ရဲမှာလဲ ကျွန်တော့်မှာ အဲဒီလောက်သတ္တိမရှိဘူး

အခုပဲကြည့်လေ…
ကျွန်တော်သတိထားမိတဲ့အချိန် ခြေဗလာနဲ့ခြံထဲကပြေးထွက်လာတာ
အခုဆို အိမ်နဲ့တော်တော်တောင်ဝေးနေပြီ လက်ပူးလက်ကျပ်မိတာတောင် အပြစ်ကိုဝန်မခံပဲထွက်ပြေးလာတာ ကျွန်တော်အဲ့လို အတ္တကြီးတာပါဆို

~~~~3 hours later~~~~~

ကျွန်တော်တို့အိမ်က seoulမြို့ထဲမှာပဲဆိုပေမယ့်
မြို့စွန်က တောင်ကုန်းတစ်ခုပေါ်မှာမို့ လူအရောက်အပေါက်နည်းတယ် မြို့ထဲကိုသွားရင် ကားနဲ့ဆို ၁နာရီလောက်ကြာမယ်ထင်တယ်

အခုဆိုလျှောက်လာတာ 3နာရီလောက်ရှိပြီထင်တယ် တောင်ခြေတောင်ရောက်တော့မယ် ရှေ့နည်းနည်းဆက်သွားရင် မြို့ထဲရောက်တော့မယ်

အဲ့ဒီအချိန်
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲ
ကျွန်တော်က ကံဆိုးကောင်ပေါ့ဗျာ

အချိန်အခါမဟုတ် သဲကြီးမဲကြီးရွာလာတဲ့မိုးကြောင့် ခြေလှမ်းတွေရပ်တန့်ကုန်ပြီလေ
အခုမှသတိဝင်လို့လား မိုးရေကြောင့်ပဲလားမသိ ခြေဖုဝါးက ဆိုးဆိုးဝါးဝါးနာကျင်မှုကြောင့် ခဏထိုင်ချလိုက်ရတယ်

အဲ့ဒီအချိန် မျက်လုံးထဲမှာပြန်မြင်ယောင်လာတာက omma…

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဒီလိုမိုးရေထဲမှာပဲ ommaက ကျွန်တော့်ကိုထားခဲ့တာ

"LOVE" don't need wordsWhere stories live. Discover now