Power of love

2.1K 209 26
                                    

(Zawgyi)

မနက်ခင်းနေရောင်ခြည်နွေးနွေးလေးက ပြတင်းပေါက်ကနေတဆင့် အိပ်ယာပေါ်သို့ ဖြာကျလာခဲ့တယ်...။

စူးအောင့်ထုံကျင်နေတဲ့လက်မောင်းတဖက်ကြောင့် Yunho နိုးလာခဲ့ပေမယ့် ခုထိသူ့လက်မောင်းပေါ်ခေါင်းအုံးကာ အိပ်ပျော်နေဆဲ Changmin နိုးသွားမှာစိုးတာကြောင့် အသာလေးငြိမ်နေလိုက်တယ်...။

မျက်တောင်လေးတွေကလဲအရှည်ကြီးပဲ...။ အပြစ်ကင်းစင်စွာအိပ်ပျော်နေတာလေးက တစိမ့်စိမ့်ကြည့်လေ ပိုပြီးချစ်ဖို့ကောင်းလေပါပဲ...။ သူကလဲကိုယ့်ကို ချစ်နေတယ်ဆိုတဲ့အသိက ရင်ကိုနွေးထွေးစေတယ်လေ...။ ခုကျမှတော့ ကလဲ့စားချေဖို့လဲ စိတ်မကူးချင်တော့ပါ...။

"ဟင်း...!!!"

သက်ပြင်းဖွဖွချသံနဲ့အတူ Changmin တယောက် လူးလွန့်ကာနိုးထလာလေတယ်...။ သူ့ခေါင်းရွေ့လျားမှုကြောင့် Yunho ရဲ့လက်မောင်းတဖက် နာကျင်သွားပါသော်လဲ အသာအံကြိတ်တာနေနေလိုက်တယ်...။ တော်ကြာ သူစိတ်မကောင်းဖြစ်သွားဦးမယ်...၊၊

"နိုးနေတာကြာပြီလား Yun...??
အာာ.. ငါကမင်းလက်မောင်းပေါ် တညလုံးဖိအိပ်ထားတာပဲ... အရမ်းနာနေမှာပေါ့"

ပြောပြောဆိုဆိုနဲ့ခေါင်းလေးအသာကြွရင်း ကိုယ်ကိုမှောက်ခုံလေးလုပ်ကာ ပက်လက်အိပ်နေတဲ့ Yunho ရဲ့ရင်ဘက်ပေါ် မေးလာတင်လေတယ်...။ ညကငိုထားတဲ့အရှိန်ကြောင့် မျက်လုံးလေးမို့အစ်နေတာလေးကပဲ တမျိုးလေးချစ်စရာကောင်းနေပြန်သလိုပင်...။

"ချစ်ဖို့ကောင်းလိုက်တာ"

Yunho မနေနိုင်ပဲပါးစပ်ကနေပါ ထုတ်ဖော်ချီးကျူးလိုက်ရင်း Changmin ရဲ့ဆံပင်တွေကို လက်နဲ့ထိုးဖွပေးနေမိတယ်...။ ထိုအခါ Changmin ရဲ့ကိုယ်လေး အတန်ငယ်ကြွလာပြီး Yunho ရဲ့နှုတ်ခမ်းတွေကို လာရောက်နမ်းရှိုက်လေတယ်...။

"Morning kiss ပေးတာ"

Yunho သူ့ရင်ဘက်ပေါ်ခေါင်းမှီအိပ်နေတဲ့ Changmin ကို ခပ်တင်းတင်းလေး ပွေ့ဖက်ထားလိုက်တယ်...။ သူနဲ့အတူတူ မနက်ခင်းတခုကို စတင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားမိတာ အမှန်ပါပင်...။

"Yun... ငါတို့လက်ထပ်ကြမလားဟင်...??"

Changmin ရဲ့အမေးကြောင့် Yunho အတန်ငယ်တော့ တွေဝေသွားမိတယ်...။ သူ့အသိုင်းအဝိုင်းက ကိုယ်နဲ့သဘောတူပါ့မလား...?? သေချာတာကတော့ သူ့အစ်ကိုက ကိုယ့်ကိုမြင်တာနဲ့ရန်လုပ်မှာ...။

Love & Hate Relationship [Completed]Where stories live. Discover now