(Zawgyi)
"မင်းအစ်ကို ဆေးရုံကဆင်းတာတောင်မစောင့်တော့ဘူးလား"
ရုတ်တရတ်ကြီး US ပြန်ဖို့လုပ်နေတဲ့ Changmin ကို Jaejoong ဖျောင့်ဖျဖို့ကြိုးစားနေတယ်..။ စိတ်ထင်လို့ပဲလားမသိ Changmin ခုတလောသူ့ကိုရှောင်နေသလိုပင်...။ Yunho နဲ့ လမ်းခွဲကာစမို့ စိတ်မကြည်လို့ပဲဖြစ်မှာပါလို့သာ Jaejoong ဖြည့်တွေးလိုက်ရတယ်...။
"Hyung က စိုးရိမ်စရာမှမရှိတာ... ပြီးတော့အိမ်တော်ထိန်းကြီးကလဲ စိတ်ချရတာပဲလေ.. ငါပြန်ဖို့ Hyung ဆီကနေခွင့်တောင်းပြီးပြီ... သူလဲခွင့်ပြုတယ်"
အရင်ကတော့ဒီမှာပဲ တသက်လုံးနေတော့မလိုလိုနဲ့ Yunho နဲ့တောင် လက်ထပ်လိုက်ပြီးမှ ရုတ်တရတ်စိတ်ပြောင်းသွားတဲ့ Changmin ကို Jaejoong လဲ ဘယ်လိုမှနားမလည်တော့ပေ...။ သူ့အစ်ကိုကတောင် ခွင့်ပြုတယ်ဆိုမှတော့ ကိုယ်ကအနေသာကြီးလေ...။
"အင်းပါ... ဒါဆိုရင်လဲဂရုစိုက်ပြန်နော်.. ဟိုရောက်ပြီးရင် ငါ့ကိုလဲဖုန်းဆက်ဦး.. ပြန်လာချင်ရင်လဲ အချိန်မရွေးပဲလာခဲ့"
Changmin ပြုံး၍သာနေလိုက်တယ်...။ Jaejoong ကို သူ့သူငယ်ချင်းတစ်ယောက်လို ညီအစ်ကိုတစ်ယောက်လို သဘောထားခဲ့ပါတယ်...။ ခုလိုဖောက်ပြားတဲ့လုပ်ရပ်တွေ လုပ်ခဲ့တာတောင်မှ မုန်းမသွားခဲ့ပါ...။
"ငါနဲ့ Chun နဲ့လဲ ဘယ်တော့မှအဆင်ပြေမလဲမသိ"
ပြေဖို့မရှိတော့တဲ့အကြောင်းကို Changmin ပြောမနေချင်တော့...။ သူတို့ဘာသာ ဖြေရှင်းကြပါစေ...။ ကိုယ်ကတော့ သတိရစိတ်ကိုဖြေဖျောက်ဖို့အတွက် အဝေးကိုထွက်သွားတော့မယ်...။ တစ်နယ်ထဲမှာရှိပြီး မတွေ့ရတာက ပိုနာကျင်ရတယ်မလား...။
"ငါ့ကိုလိုက်မပို့နဲ့.. အိမ်မှာပဲနေခဲ့"
Changmin အတင်းတားတာကြောင့် Jaejoong လဲ လိုက်ပို့ပေးချင်ပေမယ့် အိမ်မှာပဲနေခဲ့လိုက်ရတယ်...။ Changmin က တကယ်ပဲ သံယောဇဉ်ပြတ်နိုင်တဲ့သူပဲလားဆိုတာ Jaejoong သေချာမသိပေမယ့် ခုလိုကြီးကျတော့ စိတ်မကောင်းဖြစ်မိတာတော့အမှန်...။
YOU ARE READING
Love & Hate Relationship [Completed]
Romanceချစ်ခြင်းနဲ့မုန်းခြင်းကြားမှာ အလွှာပါးပါးလေးတခုပဲခြားထားတယ်... အဲဒီ့အလွှာလေးကိုဖယ်ခွာနိုင်ရင် မင်းအရမ်းမုန်းနေတဲ့သူကိုလဲ ချစ်မိသွားလိမ့်ဆိုတာ အသေအချာပါပဲ... Yunho x Changmim Yuchun x Jaejoong TVXQ fan-fiction (Zawgyi + Unicode) ချစ်ခြင်းနဲ့မုန်းခြင...