o n e

3.4K 250 48
                                    

Unicode
🌸🌸🌸


အားလပ်ရက်တစ်ရက်ဆိုတာ ရွှေထက်ရှားတဲ့ကျွန်တော့်ဘဝ။ ဒီနေ့တစ်ရက်တော့ အိမ်မှာ လွတ်လွတ်လပ်လပ် အနားယူရတာ အေးချမ်းလှသည်။


ပြောရရင် ကျွန်တော်က ပြည့်ပြည့်စုံစုံနေရပေမယ့် အဖေ့အလိုကျနေရသူ။ သူစီမံခန့်ခွဲတဲ့ ဟိုတယ်မှာ တစ်ချိန်ကျဆက်ခံနိုင်အောင် ကျွမ်းကျင်တဲ့သူ ဖြစ်ဖို့ သူ့ရဲ့သားကြီးဖြစ်တဲ့ ကျွန်တော့်ကို အားကိုးသည်ပေါ့။ ကျွန်တော့်ညီမလေး မင်ယွန်းဂျီကတော့ ဩစတေးလျမှာ ကျောင်းသွားတက်နေဆဲ။ ကျွန်တော်ကတော့ ဘွဲ့တစ်ခုရပြီးပြီ။

တစ်ယောက်တည်းနေရတာက နားအေးပါးအေး ရှိပြီး စိတ်ချမ်းသာဖို့ ကောင်းပါသည်။ သို့သော် ထိုအေးချမ်းမှုကို ဖျက်ဆီးလာမယ့် လူသား တစ်စုံတစ်ယောက် ကျွန်တော့်အခန်းထဲ ဝင်မလာခင် အထိပေါ့ဗျာ။

"သားလေးမင်"

အိမ်အကူအဒေါ်ကြီးရဲ့ ခေါ်သံကြောင့် ကျွန်တော် အိပ်ခန်းထဲမှာ မှတ်စုထိုင်ရေးနေရာမှ အနောက်ကို လှည့်ကြည့်လိုက်မိသည်။

"သူဌေးမင်က လာဖို့ခေါ်နေတယ်"

"ဟုတ်ကဲ့အဒေါ်..."

ကျွန်တော် ရေးလက်စ စာအုပ်ကိုပိတ်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။ အဖေက တော်ရုံကိစ္စတွေဆို ကျွန်တော့်ကို ခေါ်ပြောလေ့မရှိ။ တစ်ခုခု အရေးကြီးလို့ပဲ ဖြစ်မည်။

ကျွန်တော့်အဖေ ဘာများပြောမလို့ပါလိမ့်။ ဧကန္တ... သူ့အသိထဲက သူဌေးသမီး တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ နားသွင်းမလို့တော့ မဟုတ်ပါဘူးနော်။ ကျွန်တော် ငြင်းခဲ့ရပေါင်းလည်းများပြီ။

အဖေ့အခန်းဆီသွားတော့ တွေ့လိုက်ပါပြီ။ အဖေကတော့ ထုံးစံအတိုင်း သူ့အကြိုက် ဝီစကီပုလင်းနဲ့ ဆိုဖာပေါ်မှာ အငြိမ့်သားထိုင်နေသည်ပဲ။

"ဘာပြောမလို့လဲအဖေ"

"ခဏထိုင်"

အဖေက သောက်လက်စဝီစကီခွက်ကို ချလိုက်ပြီး ကျွန်တော့်ကိုစေ့စေ့ကြည့်သည်။ ပြီးနောက်

♡ R O O M A T E ♡Where stories live. Discover now