Unicode
🌸🌸🌸ဒီနေ့ကတော့ တနင်္လာနေ့မို့ လူက လန်းလန်းဆန်းဆန်းမရှိချင်။ ဒါပေမယ့် အလုပ်သွားရမယ့်တာဝန်ကရှိတော့ မထလို့မရ။ အိပ်မှုန်စုံမွှားနဲ့ ထလာမိသည်။
မျက်နှာသစ်နေရင်း ကျွန်တော်တစ်ခုခုကို သတိရသွားပြီး စိတ်ထဲပိုလေးသွားမိသည်။ ဟိုကောင်လေးကို ဒီနေ့အလုပ်မှာ လိုက်ပြပြီး သင်ကြားပို့ချပေးရဦးမည်ပဲ။
"မနက်စာစားမယ်ဟေ့"
ထမင်းစားခန်းထဲက ကျွန်တော့်အဖေရဲ့ အသံဩဩကြီးကြောင့် ခပ်သွက်သွက်ပင် လက်စသတ်ပြီး အဝတ်လဲကာ ဆင်းလာခဲ့သည်။
ထမင်းစားခန်းထဲရောက်တော့ မြင်လိုက်ရတဲ့ ဟိုကောင်လေးမျက်နှာ။ ကျွန်တော့်အဖေနဲ့အမေရယ် သူရယ် အဒေါ်ကြီးရယ် တစ်အိမ်သားလုံးရှိနေကြသည်။ အချိန်က မနက် ၈နာရီစွန်းစွန်း။
အဲ့ကောင်လေး အစောကြီးနိုးနေတာပဲ။ ကျွန်တော်သာ နောက်ကျမှရောက်လာခြင်း။ ဘာရယ်တော့မဟုတ် စိတ်ထဲရှက်မိသလိုလိုပင်။"ကောင်းကောင်းစား ဂျီမင်း လိုတာရှိရင်ပြော အားမနာနဲ့သိလား"
"ဟုတ်အန်တီ ကျေးဇူးတင်ပါ..."
"အော် မလိုပါဖူးကွယ်သားရယ်"
အဖေနဲ့အမေက အကဲကိုပိုလွန်းသည်။ နေပါအုန်း သူကသားအရင်းလား ကျွန်တော်ကသားအရင်းလား။ ကျွန်တော့်ကိုကျ စားချင်စား မစားချင်နေဆိုပြီး ပစ်ထားနေကြသူတွေက အခုကျမှ အကဲပိုပြနေတော့ မခံချင်သလိုလိုပင်ဖြစ်မိသည်။ ဧည့်သည်မို့လို့ ဧည့်ဝတ်ကျေပြတာပဲနေမှာပါလေ။
"ဒီနေ့ကစပြီး ဂျီမင်က အန်တီတို့ရဲ့ မိသားစုဝင်ပဲနော် ဧည့်သည်လို့သဘောမထားနဲ့ ကိုယ့်အိမ်လိုပဲသဘောထားပြီး သက်သောင့်သက်သာနေ"
"ဟုတ်ကဲ့အန်တီ"
"အဟွတ် အဟွတ်"
စားနေတုန်းထမင်းပင် သီးသွားမိတဲ့ကျွန်တော်။ တစ်အိမ်သားလုံး ကျွန်တော့်ကို စိုက်ကြည့်လာကြတော့ မနေတတ်ဖြစ်ကာ ခေါင်းခါပြလိုက်မိသည်။
"ယွန်းဂီ... ဂျီမင်ကို သေချာဂရုစိုက်ပြီးပြောပြ မသိတာတွေလည်းသေချာရှင်းပြလိုက် ကြားတယ်နော် ငါမင်းကိုစိတ်ချမယ်နော်"
