Unicode
🌸🌸🌸ဂျီမင်းနဲ့ကျွန်တော် မနက်စာစားသောက်ပြီး ကားနဲ့ Hotel ရှိရာဆီဦးတည်ခဲ့သည်။
"ဆန်းဘေးမင် ဟိုမှာကျွန်တော်မသိတာရှိလို့မေးရင် ပြောပြဦးနော်"
"အေးပါ"
မနေ့ကထက် တက်ကြွနေတဲ့ Jimin။ မျက်နှာလေးမှာပြုံးရွှင်လျက်။ ဘေးခုံမှာထိုင်ရင်း ကားအပြင်ကိုငေးကြည့်နေတာများ ပါးစပ်အဟောင်းသားနဲ့ ကလေးလေးလိုပဲ။ အင်းလေ သူ ဆိုးလ်ကို ရောက်တာမှလည်းမကြာသေးပဲ။
ကျွန်တော်တစ်ချက်ကျိတ်ပြုံးမိရင်း ကားကို ဆက်မောင်းနေလိုက်သည်။
"ကဲ ရောက်ပြီ"
နန်းတော်တမျှခမ်းနားလှသောအပြင်အဆင်တွေနဲ့ ကျွန်တော်တို့ရဲ့ Hotel ဆီ ပတ်ဂျီမင်ဆိုသူနဲ့ ဒုတိယမြောက် ခြေချမိခြင်း။
ဟိုတယ်ထဲရောက်တာနဲ့ ဧည့်ကြိုဝန်ထမ်းတွေကအစ လူတွေအကုန်လုံးကို ပြန်ပြုံးပြပြီး ခေါင်းငုံ့နှုတ်ဆက်နေတဲ့ ဂျီမင်။
သူ့ကိုကြည့်ရတာ အလွန်ဖော်ရွေပြီး ပျူငှာသည်။ နေရာတကာလည်း ပါးနပ်ပြီး လည်လည်ဝယ်ဝယ်လည်းရှိသည်။ ကျွန်တော့်စိတ်ထဲကပဲ ကျိတ်ပြီးအမှတ်တွေ ပေးနေမိတာလားမသိ။"ဟမ်း ဟမ်း"
ချောင်းဟန့်ကာအသံပေးလိုက်တော့မှ ဝန်ထမ်းတွေကို နှုတ်ဆက်လောကွတ်ပြုနေရင်း နောက်မှာကျန်ခဲ့တဲ့ ထိုကောင်လေးလည်း ကျွန်တော့်ဆီ အာရုံပြန်စိုက်ပြီး နောက်ကနေ ခပ်သွက်သွက်လိုက်လာတော့၏။
"မနေ့ကငါပြောထားပြီးပြီဆိုတော့ ဒီအဆောက်အဦရဲ့ ဘယ်နားမှာဘာရှိလဲ မင်းသိပြီနော်"
"ဟုတ် ဆန်းဘေး အကုန်တော့မမှတ်မိဖူး ဟီး"
ရယ်ကျဲကျဲဖြင့် ကျွန်တော့်အမေးအား ရိုးသားပွင့်လင်းစွာ ပြန်ဖြေတဲ့ဂျီမင်။ သာမန်ဆို သူ့လိုမပြောဘဲ ဟုတ်ကဲ့လို့ပဲ ပြန်ပြောကြမည် မဟုတ်လား။ သူ့ကိုကျွန်တော် အမှတ်တစ်မှတ်တော့ ပိုပေးလိုက််မိပြီထင်သည်။
ဓာတ်လှေကားကိုကျော်ဖြတ်ပြီး ကျွန်တော့်ရုံးခန်းရောက်တော့ အနောက်က ခပ်သွက်သွက်လိုက်လာတဲ့သူ့အား စားပွဲပေါ်ရှိ ဖိုင်တစ်ထပ်အား မျက်စပစ်ပြလိုက်ပြီး
![](https://img.wattpad.com/cover/160329060-288-k211444.jpg)