အကို..
သူ ကိုကိုလို့ခေါ်တာ နားဝင်သိပ်ချိုလား အကိုကျွန်တော်က ယောက်ျားလေးလေ အကို
ကျွန်တော်မချွဲတတ်ဘူး
အကိုကို့ချစ်မိတာမှန်တယ် ဒါပေ့မယ် ကျွန်တော်ဟာ ယောက်ျားတစ်ယောက်ပဲလေ အကိုအကိုလိုချင်တဲ့တီတီတာတာစကားတွေ့ကျွန်တော်မပြောတတ်ခဲ့ဘူး ဒါဟာ အကိုကျွန်တော်ကိုပြစ်ချသွားခဲ့တဲ့အချက်လားတော့ ကျွန်တော်မသိဘူး အကို
ဖြစ်ခဲ့သမျှ ပြသာနာတိုင်းမှာ ကျွန်တော်သိတာ တစ်ခုပဲရှိတယ် အကို
ကျွန်တော် အကိုကို့သိပ်ချစ်ခဲ့တယ်ဆိုတာပဲ သိတယ်အကိုကျွန်တော့်အမှားတွေ့ရှိချင်ရှိလိမ့်မယ် အကို
အမှားတိုင်းက အကိုကို့ချစ်မိလို့ မှားခဲ့တာချည်းပါပဲ အကိုအကိုဗွေယူပြီး ပြစ်ချသွားခဲ့တာတောင် ကျွန်တော်ချစ်နေဆဲဆိုတာတော့ ကျွန်တော်သိတယ် အကို
နောင်လည်း ချစ်နေမှာပါ အကိုပြစ်ချသွားတာ အကိုအပိုင်းပေါ့ အကို
အကိုပြစ်ချခဲ့သမျှ တစ်ခုချင်းပြန်ကောက်သိမ်းပြီး လွမ်းရမှာ ကျွန်တော်အပိုင်းပေါ့ အကိုရေ..မတွေ့မြင်တာ ကြာပြီဖြစ်တဲ့အကိုကို ကျွန်တော်သိပ်သတိရပါတယ်
တစ်ကျောင်းနဲ့ဖြစ်နေပေ့မယ်လည်း မေဂျာလည်းမတူတော့ တွေ့ဖြစ်ဖို့ဆိုတာ သိပ်ခက်ခဲသွားတယ်
တကယ်က အရင်လို့တွေ့မြင်နေကြနေရာတွေ့မှာလည်း ကျွန်တော် မသွားဖြစ်တော့ဘူး
ပြီးဆုံးသွားတဲ့ဇာတ်လမ်းဟောင်းလေးကို ရင်နာခံပြီးပြန်မဆွချင်ပါဘူး အကိုရာ
မဟုတ်တောင် အမှတ်တရတွေ့နဲ့တင် ဒီလူ ရင်ကွဲပြီးသားပါ အကိုမတော်တဆလမ်းမှာတွေ့တောင် အကိုမျက်ဝန်းတစ်စုံကို အရင်ကအတိုင်းစိုက်မကြည့်ရဲသေးဘူး အကို
ဟိုးအရင်ကလို့ မြတ်နိုးခြင်းတွေ့ သက်ဝင်နေတာ ဘာကြောင့်လဲ အကိုပြစ်ချပြီးသားအရုပ်လေးကို သနားနေတာလား အကို
မသနားနဲ့အကို
မာနသိပ်ကြီးတဲ့ဒီကောင်က အကိုနဲ့ပြတ်ဆဲတဲ့နေ့ကတောင် အတန်းတစ်ချိန်ပျက်ခဲ့လို့လား အကိုမျက်နှာဖုံးစွပ်ရှင်သန်နေလို့ သနားသွားတာလား အကို
ကျွန်တော်အတွက် ဘယ်ဟာက ကျွန်တော်ခံသားချက် အတု ဘယ်ဟာက အစစ်ဆိုတာ မခွဲခြားတတ်တော့အောင် ဟန်ဆောင်ရတာတွေ့များခဲ့ပြီးပြီ အကို
![](https://img.wattpad.com/cover/160843062-288-k567733.jpg)
ESTÁS LEYENDO
အကို.....(KY)
De Todoမချွဲတတ်ပဲနဲ့ 'သားကလေ' လို့ နာမ်စားသုံးတတ်တဲ့ကျွန်တော်ထက် 'ညီကလေ' လို့ သုံးတတ်တဲ့သူကို ပိုသဘောကျတယ်မလား အကို ဟင့်အင်း ချစ်မိသွားတယ်ဆိုတာ ပိုမှန်မလား မချွဲတတ်ပဲနဲ့ 'သားကလေ' လို့ နာမ်စားသုံးတတ်တဲ့ကျွန်တော်ထက် 'ညီကလေ' လို့ သုံးတတ်တဲ့သူကို ပိုသဘောကျတယ်မ...