Hold Me Tight Part-9

1.5K 217 5
                                    

[Zawgyi]

အိမ်​ပြန်​လာတည်းက ပြုံးဖြီး​နေ​သော Tae Hyung မျက်​နှာ​ကိုကြည့်​ရင်း Jimin ​ပျော်​ရွှင်​​နေမိသည်​။

Tae Hyung ဆိုတာ အပြင်​ပန်းကကြည့်​ရင်​ ခပ်​မိုက်​မိုက်​ခပ်​ဆိုးဆိုး​ကောင်​​လေးဟု ထင်​ရ​သော်​လည်း တကယ်​တမ်းရင်းနှီးခင်​မင်​သွားလျင်​​တော့ ထို​ကောင်​​လေးသည်​ က​လေးဆန်​လွန်း​သော၊ ချစ်​ဖို့​ကောင်း​သော ​ကောင်​​လေးတစ်​​ယောက်​သာဖြစ်​သည်​။

"Jimin....Jimin...ကိုယ်​​ပြောတာကြားရဲ့လား?"

"ဟင်​...ဟင်​ ဘာ​ပြောလိုက်​တာလဲ?"

"ဟာ...စိတ်​​တွေဘယ်​​ရောက်​​နေတာတုန်း။ လူကိုကြည့်​ပြီး ပြုံးပြုံးကြီး​နေ​နေလို့ ကိုယ်​​ပြောတာ ကြားတယ်​ထင်​​နေတာ"

"​ဆောရီး ဘာ​ပြောလိုက်​တာလဲဟင်​ ခုနက?"

"Jimin ရဲ့အနာဂတ်​အိပ်​မက်​ကဘာလဲလို့?"

"အနာဂတ်​အိပ်​မက်​?...ငါ့မှာအနာဂတ်​အိပ်​မက်​ကအများကြီးပဲကွ"

"တစ်​ခု​လောက်​ပဲ​ပြော​လေ"

"​ကော်​ဖီဆိုင်​​ကောင်း​ကောင်း​လေး တစ်​ဆိုင်​​လောက်​ဖွင့်​ချင်​တယ်​။ ကိုးရီးယားမှာမဟုတ်​ဘဲ က​နေဒါမှာ"

"ဘာလို့က​နေဒါလဲ?"

"Yoongi Hyung ​ပြောဖူးတာခဏခဏကြားလို့ က​နေဒါကအရမ်းလှတယ်​။ အရမ်းသာယာတဲ့နိုင်​ငံတဲ့။ မင်း​ရောက်​ရင်​သ​ဘောကျမှာ​သေချာတယ်​တဲ့"

"​သြော်​ ဟုတ်လား”

မျက်နှာကမဲ့ရွဲ့ရွဲ့ဖြစ်ကာ ပါးစပ်ကလည်းပွစိပွစိဖြင့်တိုးတိုးလေး ပြောနေသည်။ Jimin ရယ်ချင်စိတ်ကထိန်းမရနိုင်တော့...။

"Tae Hyung"

"အင်း"

"မင်းဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ?"

"အခုမှသိတာလား?"

ကိုယ်တော်ချောကအမြောက်တစ်လိုင်းဗျို့။
Jimin လည်းစိတ်မထိန်းနိုင်ဘဲ မျက်လုံးများမှေးစင်း ပျောက်ကွယ်သွားသည်အထိပြုံးရယ်မိသည်။

Hold Me TightWhere stories live. Discover now