Unicode
ကနေဒါမှာ ၃ရက်လောက်နေပြီး Jimin ထပ်မနေနိုင်တော့ပေ။ ကိုယ့်ချစ်သူ တစ်ယောက်လုံး ကိုးရီးယားမှာ ကျန်ခဲ့တော့ ပြန်ချင်စိတ်ကတဖွားဖွားပေါ်နေသည်။ ဒါကိုလည်း Hyung ရိပ်မိပုံရ၏။
"ကိုရီးယား ပြန်တော့"
အိပ်ယာဘေးရှိ စားပွဲပေါ်မှာ လေယာဉ်လက်မှတ်တစ်စောင်နှင့် Hyung ရဲ့ ခပ်ဆောင်းဆောင်းလက်ရေး။
Jimin Hyung ရဲ့စာကိုဖတ်ရင်း တစ်ချက်ပြုံးလိုက်သည်။
ချစ်ရသူကိုတွေ့ရတော့မည်။ အခုတလော TaeHyung ကို စာပို့လည်း စာပြန်မပို့ပါ။ သတိရလို့ ဖုန်းဆက်လည်း ဖုန်းမကိုင်တက်ပေ။ ဒီကလေး ကျွန်တော့်ကို စိတ်ကောက်နေတာနေမည်။
TaeHyung ကို ဒီနေ့ပြန်လာမယ် ဟု မက်ဆေ့ခ်ျ ပို့မည့်ဆဲဆဲ ပြန်ဖျက်လိုက်သည်။ သူ အံ့အားသင့်သွားအောင် တိတ်တဆိတ်ပြန်မည်။ ပြန်ရောက်လျှင် TaeHyung သူ့ကိုမြင်ပြီးတော်တော်ပျော်မှာဟု တွေးကာ Jimin အပြုံးကြီးပြုံးနေမိ၏။
လေယာဉ်ပေါ်တွင်လည်း မျက်နှာကပြုံးဖြီးလို့ မသိလျှင် ထီပေါက်ထားသလိုရုပ်ကြီး။ မြန်ဆန်လွန်းတဲ့ ရင်ခုန်သံကြောင့်လည်း Jimin မျက်နှာကြီးပူနေပြန်သည်။
TaeHyung ကိုမတွေ့ရသေးခင် သူ့အကြောင်းစဉ်းစားရုံနှင့် Jimin ပျော်သည်။ ရင်ခုန်သည်။ ချစ်လွန်းလို့ရူးတော့မယ်ဆိုလျှင် TaeHyung က ရယ်နေမှာ။
လေယာဉ်ဆိုက်တော့လည်း ဘောင်းဘီရှည်ပွကြီးကို အင်္ကျီအပြာနုလေးနှင့် လိုက်ဖက်စွာ ဝတ်ထားမည့်ကောင်လေးကို လိုက်ရှာမိပြန်သည်။
စာမှမပို့ထားတာ TaeHyung က ကျွန်တော်ပြန်လာတာကို ဘယ်လိုသိမှာလဲ။
"အာရှီး! အရူးကောင်" ကိုယ့်ခေါင်းကိုပြန်ထုကာ အတွေးခေါင်ခေါင်ကြောင့် ရယ်လိုက်သည်။
အိမ်အပြန်လမ်းကိုလျှောက်နေရသည့်အချိန်သည် ခြေလှမ်းများကပေါ့ပါးသွပ်လပ်နေ၏။ တကယ်တမ်းရောက်သွားတော့ ညနေဘက်ကြီးကလည်းဖြစ် မိုးကလည်းသဲနှင့် Jimin စိုရွှဲကုန်တော့သည်။ ထီးမပါလာတာ တော်တော်ဒုက္ခဖြစ်ပါသည်။
YOU ARE READING
Hold Me Tight
FanfictionMy very first time fiction for writing yaoi OTP - VMIN (Zawgyi + Unicode) JINHOPE (Normal Side Couple)