Hold Me Tight Part-4

2K 268 6
                                    

[Zawgyi]

တနင်္ဂ​နွေ​နေ့ ​​နေ့ခင်းသည်​ အရင်​ပိတ်​ရက်​ စ​နေ​နေ့ထက်​စာလျင်​ လူပိုများသည်​။ ဧည့်​သည်​များကို ဧည့်​ခံရ၊ ပန်းကန်​​ဆေးရ၊ အန်​တီကြီးကိုကူရနဲ့မို့ Jimin အ​တော်​ပင်​ပန်း​နေသည်​။ Aircon အခန်းဖြစ်​​သော်​လည်း ​ချွေးများပင် ​စိုစွတ်​​နေသည်​။

"ဟိတ်​....Waiter ​ကောင်​”

ဧည့်​သည်​တစ်​​ယောက်​လှမ်း​ခေါ်​သော​ကြောင့်​ Jimin လည်း အစားစာမှာမည်​အထင်​နှင့်​ Menu စာအုပ်​​လေးကိုင်​ကာ ထိုဧည့်​သည်​အနားသို့ သွားမိသည်​။ လျှာထိုးဦးထုပ်​အနီ​ရောင်​ ​ဆောင်းထား​သော ဧည့်​သည်​က Jimin ကို​မော့ကြည့်​လိုက်​​တော့.....

"ခ...ခများ...ဒီကို..ဘာလာလုပ်​ပြန်​တာလဲ?”

"စားသုံးသူကို အဲ့လိုပဲဆက်​ဆံရလား”

"မ..ဟုတ်​ပါဘူး။ ဟို...ဟို...”

Menu စာအုပ်​ကို စိတ်​မရှည်​သလိုပုံစံဖြင့်​ ထို​ကောင်​​လေးက လှမ်းယူလိုက်​သည်​။

"ကိုယ့်​ကိုဒီ​လောက်​​တောင်​​ကြောက်​ရလား”

Menu စာအုပ်​ကိုဖတ်​​နေရင်း ​ပြောလိုက်​​သောထို​ကောင်​​လေးရဲ့ စကားကိုနား​ထောင်​ကာ ကျွန်​​တော်​ ​ကြောင်​အမ်းသွားသည်​။

"ဗျာ....”

"ဟုတ်​တယ်​​လေ....မင်းလက်​​တွေ တုန်​​နေတယ်​”

ဟုတ်​ပါရဲ့ သူ​ပြောမှသတိထားမိတယ်​။ ကျွန်​​တော့်​ရဲ့ လက်​နှစ်​ဖက်​က တုန်​ရီ​နေတယ်​။

"ပဲ​ခေါက်​ဆွဲပဲ​ပေး​တော့”

"ဟုတ်​”

ပဲ​ခေါက်​ဆွဲထည့်​ထား​သော ဗန်းကိုကိုင်​ကာ သွက်​လက်​​သော ​ခြေလှမ်းဖြင့်​ ထို​ကောင်​​လေးအနားသို့သွားမိသည်​။ သို့​သော်​.....

ဗုန်း..... ကျွန်​​တော်​လဲကျသွားပြန်​သည်​။ ဒီတစ်​ခါသည်​ ကျွန်​​တော့်​၏ အမှား​ကြောင့်​မဟုတ်​ဘဲ ထို​ကောင်​​လေးက ခြေထိုးခံလိုက်​​သော​ကြောင့်​ပင်​။

မ​မျှော်​လင့်​ထားသည့်​ ​ခြေထိုးခံမှု​ကြောင့်​ အရှိန်​မထိန်းနိုင်​ဘဲ ပြုတ်​ကျမိခဲ့သည်​။

Hold Me TightWhere stories live. Discover now