ငေးကြည့်ခွင့် 9
Ending PT
SeKai
🐥🐻❤️တချို့ ရှူ့မျှော်ခင်းတွေက တဘဝလုံးစာ ငေးကြည့်ဖို့ ထိုက်တန်တယ်
သူစီကို appa လက်ကိုတွဲပြီးလျှောက်လှမ်းလာတဲ့ ကလေးငယ် သူဘဝရဲ့ အရှင်သခင်လေး
ဆံပင်အညိုရောင်လေးတွေကို နောက်ကို လှန်တင်ထားလို့ ချောမောလွန်းနေတယ် ကျေးဇူးပါ ကိုကို ကလေးငယ်လေး
ကိုယ်တို့ အတူတူသွားမယ့် ဒီခရီးလမ်းတွေမှာ ကိုကို နဲ့ အတူ လိုက်လာပေးလို့ပါ ကိုယ့်တို့ အသက်တွေအတူတူကြီးသွားကြရအောင်သူရှေ့ကို ရောက်လာတဲ့ကလေးလက်ကလေးကို အညင်သာဆုံး လှမ်းလိုက်တယ်
"သားငယ် အတွက်စိတ်ချပါရစေ သား hun"
"ဟုတ်ကဲ့ပါ"ကလေးလက်လေးကိုဆွဲလို့ ဘုန်းတော်ကြီးရှေ့ရပ်ရင်း
ကလေးငယ်ရေ ကိုယ်တို့ အတူတူသွားမယ့် လမ်းတွေမှာ ပန်းခင်းထားတဲ့ လမ်းတွေချည်းပဲတော့ဘယ်ဟုတ်ပါ့မလဲကလေးငယ်
မိုင်ထောင်ချီသွားမယ့်ကိုကိုတို့ လမ်းခရီးတွေမှာ ကိုကိုလက်တွေကိုတွဲပြီး ဒီခြေလှမ်းလေးတွေနဲ့စတင်မယ်လေနော် မနေ့ကပျော်သလို ဒီနေ့လဲပျော်နေရတယ်မလားမနက်ဖြန်နေ့ရက်တိုင်းမှာလဲ ပျော်ရွှင်ရမယ့်လို့ ယုံကြည်ထားရင်း ကိုကိုတို့ အချစ်တွေ ခိုင်မြဲကြမယ်လေ
ကိုကိုဘဝရဲ့ အလင်းရောင်လေးက ကလေးငယ်ပါ
ကိုကိုစီကို ကလေးရဲ့အလင်းရောင်လေးတွေမျှဝေပေးပါ
ချစ်တယ် ကလေးငယ်
ကိုကို ကလေးငယ်လေး
ကိုကို တို့ သွားမယ့်လမ်းတွေက တခါတလေတော့လဲ စိတ်တိုင်းကျတော့ မဟုတ်ဖူးပေါ့ တခါတလေတော့ အိပ်မက်တွေက တစစီပဲ့ကြွေသွားရင်သွားမှာပဲလေ ဒါပေမယ့် ကိုကိုတို့ချစ်ခြင်းတရားက အဲဒီအိပ်မက်အကျိုးအပဲ့တွေကို အကောင်းအတိုင်းပြန်ဖြစ်စေရမယ်ကလေးလေးကိုကိုရေ ကိုကိုက ကလေးရဲ့ ပျော်ရွှင်ခြင်းပါ
ကိုကို ကိုသံယောဇဉ်ရှိရင်းတွယ်တာခဲ့တဲ့ ငယ်ဘဝက အပျော်ရွှင်ဆုံး ကလေးဘဝပါ ကိုကိုထားသွားခဲ့တဲ့ အချိန်တွေတုန်းက ငိုကြွေးခဲ့ရတဲ့ မျက်ရည်တွေက ကိုကိုစီကပြန်ရခဲ့တဲ့ ချစ်ခြင်းတရားနဲ့ လွှင့်စင်သွားခဲ့ပြီကိုကို ကိုကိုစီက ဘယ်သောအခါမှ မလွတ်မြောက်ချင်တော့ဖူးကိုကို
ကိုကိုရေ ချစ်တယ် ချစ်လို့လဲ ဘဝတခုလုံးကို ကိုကို လက်ထဲပုံအပ်ပေးပါရစေ ကိုကို အချစ်တွေကိုအသက်ရှူဖို့ လေ ကို လိုအပ်သလို မက်မက်မောမော လိုအပ်တဲ့ ဒီ အချစ်ရူးလေးကို တဘဝလုံး ချစ်ပေးပါ