ငေးကြည့်ခွင့် 4

985 115 5
                                    

ငေးကြည့်ခွင့်

SeKai
🐥🐻❤️

ဒုတိယမြောက်နှင်းဆီ ဆိုတဲ့ ပန်းစည်းလေး Jongin လက်ထဲရောက်လာချိန်က ကျောင်းမှာ
အတန်းမရှိဖူးဆိုတာကြောင့် အိမ်ပြန်ဖို့ကားစီအလာ ကားလက်ကိုင်မှာ သေချာကပ်ထားတဲ့နှင်းဆီပန်းစည်းလေး ဘေးဘီဝဲယာကိုရှာဖွေကြည့်ပေမယ့် ဘယ်သူကမှသံသယဖြစ်စရာကောင်းမနေ
နှင်းဆီပန်းလေးကို ဖြုတ်လို့ ကားထဲဝင်ထိုင်လိုက်တယ်
ပြီး ကားပေါ်မှာ ခေါင်းလေးတင်လို့ အိပ်လိုက်ရင်း တွေးမိတယ်
အခုတလောကျတော် ကိုကို လား နာမည်တခုခုများခေါ်ခဲ့ဖူးလားမမှတ်မိတဲ့ ငယ်ငယ်က ကောင်လေးကို ခဏခဏ သတိရတယ် sehun နဲ့အတူတူရှိနေတဲ့အချိန်တွေဆို ပိုသိသာတယ် sehun Hyung ဟုတ်တယ် sehun က Jongin ထက် တတန်းပိုကြီးတဲ့ Jongin ရဲ့ senior ရယ်ပါ အဲဒါဆို ကိုကိုက Jongin နဲ့ ရွယ်တူလား ဒါမှမဟုတ်ငယ်လား ကြီးလား မမှတ်မိနိုင်တော့တာခက်လှတယ်
ဖွားဖွား Seoul ကိုရောက်လာရင်ဖွားဖွားကိုမေးကြည့်ရမလားပဲ
"အား ငါဘာလို့ အဲဒီ ငယ်ငယ်ကတစ်ယောက်ကိုခဏခဏတွေးနေမိတာလဲ"
ဘေးနားမှချထားတဲ့နှင်းဆီပန်းစည်းလေးကို ကိုင်ရင်း သေချာကြည့်နေလိုက်တယ်

ကားတံခါးကမှန်ကို လာခေါက်တဲ့တစ်ယောက်ကြောင့် Jongin မှန်ကိုချရင်း မျက်လုံးလေးတွေကိုလက်လေးနဲ့ကာရင်းမော့ကြည့်လိုက်တယ်
"ဪ  Sehun Hyung "

Sehun ကားတံခါးမှန်လေးကို ခေါက်လိုက်ချိန်  ရင်ကတငြိမ့်ငြိမ့်ခုန်တယ် သူတွေ့လိုက်ပါတယ် သူ့ ကလေးလေး မျက်နှာလေးညှိုးနေတာ
ကလေးရယ် ကလေးကိုခေါင်းရှုပ်အောင်လုပ်နေမိတယ် ကိုယ်ကိုခွှင့်လွှတ်ပါ ကွာ

"အင်း Jongin နေမကောင်းဖူးလား ကိုယ်နှောက်ယှက်သလိုဖြစ်သွားလား"
"Sehun  Hyung ကားထဲဝင်ပါ့လားအပြင်မှာနေပူတယ်လေ"

"ကိုယ့်ကား ထဲသွားမလား Jongin"

"အင်း ရပါတယ် "
Jongin ပျော်သွားတဲ့စိတ်ကိုမထိန်းနိုင် sehun က သူ့ကားတံခါးကိုလာခေါက်ကထဲက သူပျော်နေတာ အခု သူနဲ့ အတူတူ တကားထဲမှာထိုင်ရတော့မယ်ဆိုတော့
ဘေးက ကျောပိုးအိတ်ကိုလှမ်းယူလို့ အပြင်ကိုထွက်လိုက်ရင်း sehun ကားစီလျှောက်လာတယ်

ငေးကြည့်ခွင့် (SeKai)Tempat cerita menjadi hidup. Temukan sekarang