I want to know about you
Mingyu's Prov
ဆေးရုံကိုရောက်တော့ Mingyu ခြေထောက်ဟာအပြင်ဒဏ်ရာဖြစ်လို့ ၁ပတ်လောက်အနားယူလိုက်မယ်ဆိုရင်ကောငါးသွားမယ်ဆိုတာသိရလို့ Mingyu စိတ်အေးသွားပါတယ်။ ကံကောင်းထောက်မစွာနဲ့မနက်ဖန်ဟာကျောင်းပိတ်ရက်ဖြစ်တာမို့ သူအတန်းချိန်တွေနောက်မကျသေးပါဘူး Wonwoo ကကူညီပေးနေတဲ့အတွက်သူကံကောင်းသွားပေမဲ့ Mingyu ကလူတစ်ယောက်ဆီကအကူအညီကိုအလွယ်တကူမယူချင်သူတစ်ယောက်ဖြစ်ပါတယ်အဲ့ဒီအတွက်လဲ သူWonwoo ကိုအမြဲအားနာနေရပါတယ် ။ JeonWonwoo လိုလူတစ်ယောက်ကကူညီတတ်မယ်လို့သူမထင်မှတ်ထားခဲ့သလို သူ့လိုသာမန်ကျောင်းသားကို တန်းတူဆက်ဆံမယ်လို့သူမထင်ထားခဲ့ပါဘူး။
**************
"Mingyu yah ! အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ ? "
သူရဲ့တစ်ဦးတည်းသော သူငယ်ချင်း Lee Soeok Min ရောက်လာလို့ ဝမ်းသာသွားပေမဲ့ သူမပြောပဲ ဘယ်လိုသိနေလဲ ဆိုတာမစဉ်းစားတတ်အောင်ဖြစ်နေပါတယ် ။
Wonwoo အခန်းထဲဝင်လာပြီး
"Aww ငါ သူ့ကို ပြောပြလိုက်တာပါ"
"Wonwoo Hyung က Seok Min ကိုကျွန်တော့်သူငယ်ချင်းမှန်းဘယ်လိုလုပ်သိတာလဲ ? "
" Don't Forget ! I 'm Jeon Wonwoo. မင်းအကြောင်းသိချင်လို့ ကျောင်းအုပ်ကြီးကိုသွားမေးတယ် ။ မင်းအတန်းမင်းအခန်းနေရပ်လိပ်စာ အကုန်ရပြီးမှတော့ SeokMin ကို သိတာ မဆန်းပါဘူး ။ မင်းအိမ်ကိုလဲဖုန်းဆက်ထားတယ်ကျောင်းက ခရီးထွက်ရမယ်လို့ ။ "
Mingyu ဘာမှပြန်မပြောနိုင်သေးပါဘူး JeonWonwoo ရဲ့ money power ကိုသူထည့်မတွက်မိတာမို့အခုမှသေချာပြန်စဉ်းစားနေမိတာပါ။
YOU ARE READING
Can I be your boyfriend?(Meanie)
RomanceJeonWonwoo- နာမည်ကြီးရုပ်ချောသူဌေးသားတစ်ယောက်ပွေရှုပ်သူ KimMingyu- မိဘများအတွက်စာကိုသာကြိုးစားနေတဲ့သာမန်ကျောင်းသားလေး ChoSeungCheol-ရုပ်ချောသူဌေးသားတစ်ယောက်အကြီးပီသသူ ဘယ်သူ့ကိုမှမချစ်တတ်သေး Jeonghan-အေးဆေးတိတ်ဆိတ်စွာနေတတ်သောကျောင်းသားတစ်ယောက် Jisoo-အ...