Answer
Minghao တစ်ယောက်ထဲ ကျောင်းရဲ့ ပန်းခြံထဲမှာထိုင်နေမိတယ်။ တိတ်ဆိတ်တဲ့နေရာလေးက သူ့ကို ငြိမ်းချမ်းမှုတွေ ပေးစေတယ်။ သူ ဒီလိုလေးနေရတာကို အရမ်းသဘောကျတယ်။ ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကို လှုပ်ခတ်သွားစေတဲ့ ခြေသံကြောင့် လှည့်ကြည့်မိတော့ Jun....
Minghao ပြုံးပြီး နှုတ်ဆက်လိုက်တယ်။ Jun က သူ့ဘေးနားမှာပဲ တိတ်တဆိတ် ၀င်ထိုင်လိုက်တယ်။ Minghao သေချာကြည့်နေမိတယ် ချောမေတဲ့ မျက်နှာတစ်ခု အမြဲတမ်း ကြင်နာတတ်တဲ့ မျက်ဝန်း တစ်စုံ ပြီးတော့ ပြုံးလိုက်တိုင်း သိပ်ကိုလှတဲ့ နှုတ်ခမ်းပါး တစ်စုံ။
နှုတ်ခမ်းဆီကို အတွေးရောက်တော့မှ သူ့မျက်နှာ ရဲတတ်သွားတယ်။ သူတို့နမ်းမိသွားတယ် လို့ယူဆရတဲ့အခြေအနေတစ်ခု ကိုပြန်သတိရသွားပြီး ပိုရှက်လာတယ်။ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ ပိုပြီးရင်ခုန်ရတယ်။
"ကိုယ့် မျက်နှာမှာ ဘာများပေနေလို့လဲ???"
ငြိမ်သက်နေတဲ့ အခိုက်အတံ့ကို ဖြိုခွင်းလိုက်တဲ့ စကားသံကြောင့် Minghao သတိဝင်လာတယ်။
ရှက်ပြီး မျက်နှာလွှဲလိုက်မိတယ်။
Aigooo Xu Minghao ရူးနေပြီလား ??????
Jun ကိုရှေ့တည့်တည့်ထားပြီး စိုက်ကြည့်နေမိရတယ်လို့။
"Arrr မဟုတ်ပါဘူး Jun Hyung"
ရှက်ပြီးမျက်နှာ လွှဲလိုက်တဲ့ Minghao ကို Jun အူယားလာတယ်။ ပါးလေးတွေကို ဆွဲညှစ်ပြီး ဆံပင်လေးကိုဖွချင်စိတ် မနည်းထိန်းထား ရတယ်။ ဒီကောင်လေး ကတကယ်ကိုချစ်ဖို့ကောင်းတာ။ ဖြူစင်တယ် ရိုးသားတယ်။ ဟန်မဆောင်တတ်ဘူး ပြီးတော့ ဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်။ ဘယ်လိုလုပ်များ Wonwoo နဲ့မှ တွေ့သွားရတာလဲ။ အဲ့လို လူဆိုးကိုမှချစ်သွားရတာလဲ ကွာ ..........
"Jun Hyung"
"Minghao"
ပြိုင်တူထွက်သွားတဲ့ စကားသံကြောင့် နှစ်ယောက်သားရယ်လိုက်မိတယ်။
Ahhhhh ချစ်ဖို့ကောင်းလိုက်တာ Minghao ရယ်။
"Hyung ပြောပါ"
"Minghoa အရင်ပြော"
"ဟာာာာ မရဘူး Hyung အရင်ပြော"
YOU ARE READING
Can I be your boyfriend?(Meanie)
RomanceJeonWonwoo- နာမည်ကြီးရုပ်ချောသူဌေးသားတစ်ယောက်ပွေရှုပ်သူ KimMingyu- မိဘများအတွက်စာကိုသာကြိုးစားနေတဲ့သာမန်ကျောင်းသားလေး ChoSeungCheol-ရုပ်ချောသူဌေးသားတစ်ယောက်အကြီးပီသသူ ဘယ်သူ့ကိုမှမချစ်တတ်သေး Jeonghan-အေးဆေးတိတ်ဆိတ်စွာနေတတ်သောကျောင်းသားတစ်ယောက် Jisoo-အ...