Unicode...
ဟော.......တွေ့ပါပီကျနော့ရဲ့အရိပ်ခလေး......အထက်တန်းဒုတိယနှစ်အခန်းရဲ့နောက်ဆုံးထိုင်ခုံမှကောင်လေး ကျောင်းဝင်ပေါက်မှတစ်ဖြည်းဖြည်းလျှောက်ဝင်လာသောကောင်လေးကို ပြတင်းပေါက်မှတဆင့်ငေးစိုက်ကြည့်ရင်းစိတ်ထဲ၌ရေရွတ်မိသည်........
ဒါကျနော့ရဲ့နေ့စဉ်အလုပ်တစ်ခု........
သူ့ကိုလှမ်းမြင်လိုက်သည်နှင့် နှုတ်ခမ်းထောင့်စွန်းတွေကအလိုလိုကော့တက်လာ၏
"အပြုံးတွေကူစက်တတ်တယ်ဆိုတာအမှန်ပဲကို........."
ကျောကိုလာရိုက်သောလက်တစ်စုံနှင့်အတူ အတွေးတွေလည်းပျက်တောက်သွားရ၏.......
နောက်လှည့်ကြည့်မိတော့haung injun"ငမ်းရင်းနဲ့ပြတင်းပေါက်ကိုကျော်ပီးအောက်ကိုလည်းပြုတ်ကျနေဦးမယ်lee jenoရေ......."
" ဘာဖြစ်လဲကွာ ကိုယ့်မျက်စိနဲ့ကိုယ်ငမ်းတာ......"
သူကကျနော့ဘေးကခုံမှာဝင်ထိုင်ရင်း......
"အဲ့လောက်တောင်ကြိုက်နေရင်လည်းသွားဖွင့်ပြောပါလား........?ကိုယ့်ကြည့်တော့တစ်နေရာမှအဖြစ်မရှိ........"
သူပြောလည်းပြောစရာပင် ကျနော်အဲ့ကောင်လေးကိုကျိတ်ခွက်နေတာ တစ်လကျော်လောက်ရှိပီဖြစ်သော်လည်း ဖြစ်ဖြစ်မြောက်မြောက်စကားတောင်သေသေချာချာမပြောဖူး.........injunနှင့်အဲ့ကောင်လေးကရင်းနှီးသွားပီးph noတောင်းပေးထားသော်လည်း......morning jae........good night jae ကနေမတက်သော ကိုယ့်အဖြစ်ကိုယ်နဲနဲတော့ရှက်မိသား........ဘာပဲဖြစ်ဖြစ်ဒီနေ့တော့စကားပြောဖြစ်အောင်သွားပြောမည်........
" ကြည့်နေလိုက်ကွာ......ဒီနေ့တော့ငါ........"
ဟေ......ဟိုဂျလုံးပလုံးကောင်ဘယ်ရောက်သွားလဲ.....?
ကိုယ့်စကားကိုယ်အကောင်အထည်ဖော်ရန် အခန်းရှေ့တွင် ဘယ်ကြည့် ညာကြည့်ဖြင့်မျှော်တော်ယောင်လုပ်နေလိုက်သည်.......
လာပါပီ........ကျနော့ရဲ့အပြုံးပိုင်ရှင်လေးjae.....
ကျောပိုးအိတ်ကိုတစ်ဖက်ထဲခပ်လျှော့လျှော့လွယ်ရင်း လျှောက်လာသည်.........
ကျနော့နားရောက်ဖို့ ......တစ်လှမ်း.....နှစ်လှမ်း.......သုံးလှမ်း......