ကျ​နော်​တို့ရဲ့injunnie(norenmin)

951 77 30
                                    

Unicode...

"ဟဲ့ ဟဲ့ ဟဲ့ F3လာပြီ......"

"ဘာ....!!တဂယ်လား......?"

"Oppaတွေလာပြီတဲ့........"

အော်ဟစ်ကာပြေးထွက်သွားသောကောင်မလေးတွေက ကိုယ့်အားတက်နင်းမတက်......ဘေးကပ်ကာမနဲရှောင်ရှားလိုက်ရသည်.....

F3ဆိုတာဘာကြီးပါလိမ့်.......?
ကျောင်သူအသစ်စက်စက်လေးဂင်ထယ်ဟီတစ်ယောက် မျက်စိသူငယ်နားသူငယ်နှင့် လူအုပ်ကြားထဲတိုးဝေ့ကာ F3ဆိုတာကြီးကိုလိုက်ရှာမိသည်

ပြိုင်ကားအနီလေးတစ်စီးက ကျောင်းဝန်းထဲသို့ဝင်ရောက်လာကာ ရွှေရောင်ဆံပင်ခပ်အုပ်အုပ်နှင့်ချောချောကောင်လေးတစ်ကေ်ထွက်လာ၏.......သူတို့အော်နေတာတော့jenoဆိုလားဘာဆိုလားပဲ.......အသာဖြူ ဖြူ မေးရိုးထင်းထင်းနှင့်ကောင်လေးက ကားသော့ကိုလက်ညိုးကြားညှပ်ပြီးဝေ့ယမ်းကာ သူ့နံမည်အော်ဟစ်နေသောကောင်မလေးတွေအားပြုံးရယ်ကာ လက်ပြ၏.....

တီ...

တီ...

"ဟေ့ကောင်.....မင်းကားစုတ်ကြီးကိုဖယ်မလား.......?ငါဝင်ကြုံးရမလား.......?"

နောက်မှရောက်လာသောဆိုင်ကယ်နှင့်ကောင်လေးကပြောလေတော့......

"အံမရ်.....သုံးလေးရာတန်ဆိုင်ကယ်လေးစီးပြီးဖင်ခေါင်းလာစတားမနေနဲ့ဟျောင့်.....သတ္တရှိရင်ဆင်းလာခဲ့ ထိုးမယ်......."

"ငါလည်းလက်တွေယားနေတာနဲ့အတော်ပဲ....တစ်ပွဲလောက်နွှဲကြတာပေါ့ morning fight....."

ဆိုင်ကယ်ဦးထုပ်ကိုဆွဲချွတ်လေတော့ ဆံပင်ပန်းရောင်တချို့ကနှဖူးပေါ်ဖြာခနဲဝဲကျလာ၏.....လည်ပင်မှာလည်းဆွဲကြိုးတွေကရှုပ်ရှက်ခတ်လို့ လက်ထဲမှာရော နားမှာရောတို့လို့တန်းလန်းတွေနှင့် လမ်းသရဲဆန်ဆန်ကောင်လေးကဆိုင်ကယ်ပေါ်ကဆင်းလာကာ jenoအင်္ကျီလည်ပင်းစကိုဆွဲ၏

"တစ်ကိုင်စာတောင်မရှိတဲ့ကောင်ကများ....."

Jenoကလည်းပြန်ဆွဲ၏

"မမ သူတို့ကရန်ဖြစ်ကြတော့မှာလားဟင်......?"

ကိုယ်သိချင်သောမေးခွန်းကို ကိုယ့်လိုပဲမနူးမနပ်ဖြစ်ဟန်တူသောကောင်မလေးက ဘေးကစီနီယာအမကြီးတစ်ယောက်ကိုကပ်ကာမေး၏

Norenmin(one short Collection)Donde viven las historias. Descúbrelo ahora