ITL(1)

623 79 12
                                    

Ep.1...***

ကြယ်ရောင်ကင်းမဲ့နေသော လမိုက်ညတစ်ည
ဂိုလျောတိုင်းပြည် နန်းတော်ကြီးရဲ့ ရင်ပြင်ရှေ့
သွေးချင်းချင်းနီပြီး လဲကျနေတဲ့ ရဲမက်တွေရဲ့
အလောင်းများဟာ မြင်၍ပင်မကောင်း..
ထိုအလောင်းများ၏ အလယ်မှာတော့ လူများစွာရဲ့
လည်ပင်းသွေးနဲ့ ဆေးထားတဲ့ဓါးကိုကိုင်ဆောင်ထားတဲ့
ဂိုလျောရဲ့ အနာဂတ်ဘုရင် Kim Jongin..

နီရဲနေတဲ့ ဓါးကို ဒရွတ်တိုက်ဆွဲလာရင်း သူ့ရဲ့
ခမည်းတော်အိပ်ဆောင်ထဲကို
ဖြည်းဖြည်းချင်းသွားနေတဲ့ Jongin..
သူလျှောက်နေတဲ့လမ်းရဲ့နောက်မှာတော့
လဲကျနေတဲ့ အထိန်းတော်တွေ အပျိုတော်တွေရဲ့
အလောင်းတွေဟာ စီတန်းလျက်...

Jongin သူ့ခမည်းတော်ရဲ့ အိပ်ခန်းထဲကိုဝင်လိုက်တာနဲ့ သူ့ကိုစတင်တိုက်ခိုက်လာတဲ့ ကိုယ်ရံတော်၎ယောက်

"Hak...ဒီပါမွှားလေး ၄ယောက်လောက်နဲ့ Kim Jongin ကိုတားချင်တာလား ခမည်းတော်"

ကြောက်ရွံ့နေတဲ့ ခမည်းတော်ကိုကြည့်ရင်း
မျက်စပ်ပစ်ကာ
မေးလိုက်တော့ ကျွန်တော့်အရည်အချင်းကို
သိနေသူဖြစ်တာမို့
မျက်နှာမှာ ကြောက်လန့်မှုကအထင်းသား

"ဒီလို ပါမွှားလေးတွေလောက်ကို ဖြုံမယ်မဟုတ်ဘူးဆိုတာ ခမည်းတော်သိသားနဲ့ အလားကား အလုပ်ရှုပ်
အောင် လုပ်ထားရသလားခမည်းတော်ရယ်..
အေးပေါ့လေ လူဆိုတာ အသက်ရှင်ဖို့လုံးလုံး မျှော်လင့်ချက်မရှိတော့ရင်တောင် ကောက်ရိုးတစ်မျှင်ကိုတော့ အားကိုးရာ ဖက်တွယ်တတ်ကြတာပဲ..
လူ့သဘာဝကိုနားလည်ပါတယ်..."

ပြုံးစစနဲ့ ပြောရင်း ဓါးကိုမြဲမြံစွာကိုင်လိုက်ပြီး
တစ်ချက်ဝှေ့ကာ
ကျွန်တော့်ရှေ့က ပိတ်ရပ်နေတဲ့ ကိုယ်ရံတော်တွေကို
အိပ်စက်စေလိုက်တယ်

လည်ပင်းမှာ ဓါးရာတွေနဲ့ လဲကျနေတဲ့ ထိုကိုယ်ရံ
တော်တွေရဲ့အသက်မဲ့ ခန္ဓာကိုယ်ကို တံတားသဖွယ်နင်းရင်း စားပွဲကို ကိုယ်ရံတော်မှတ်ပြီး ပုန်းကာနေတဲ့
မင်းကြီးဆီကို ဦးတည်ပြီးသွားနေတဲ့ Jongin..

" Johna...သက်မဲ့စားပွဲကို အကာအကွယ်ယူရသည်အထိ အားကိုးရာမဲ့နေပြီးကိုး...haha.."

Is That LoVE?Where stories live. Discover now