Ep.5...***
လူသူတိတ်ဆိတ်တဲ့ မြို့ပြင်က အိမ်လေးမှာ
အလင်းရောင်မှိန်မှိန်လေးမှအပ
ဘာအလင်းရောင်မှလည်းမရှိ..
မိုးတွေသည်းနေတာကြောင့် မိုးပေါက်ကလေးတွေ
မြေခတဲ့အသံကလွဲပြီး
ဘာသံမှလည်းမကြားရ...မိုးတွေသည်းနေပြီးပတ်ဝန်းကျင်ကတိတ်ဆိတ်နေတာမို့ စိတ်ထဲ လွမ်းတဲ့စိတ်တွေဝင်ရောက်လာတယ်
ခမည်းတော်နဲ့ မယ်တော်တို့ အဆင်မှပြေကြပါ့မလား..
Hunnie ကော အဆင်ပြေပါ့မလား..
ဒီနေ့မှစပြီးခရီးထွက်တာကို မိုးမိပြီးမှ ဖျားရင်..
Hunnie လမ်းခရီးမှာ အကုန်အဆင်ပြေပါစေ...လေတိုးသံတွေ.မိုးသံတွေ.ကြောင့်ဖြစ်တဲ့ အထီးကျန်စိတ်တွေကိုဖျောက်ရင်း အိပ်ပျော်အောင်သာ အိပ်လိုက်တယ်....
.....
ကျီ....ကျီ....
သာယာလှတဲ့ ငှက်ကလေးတွေ အသံကြောင့်
Kyung Soo မင်းသားတစ်ယောက်နိုးလာတယ်
ဆန်ကုန်သွားတာမို့ ဈေးထဲသွားရဦးမယ်..
Hunnie က သူမပါဘဲ ဘယ်မှမသွားဖို့မှာထားပေမယ့်
သွားမှဖြစ်မယ့်ကိစ္စဆိုတော့...Kyung Soo မင်းသားလေး ခေါင်းအုံးထဲထည့်သိမ်းထားတဲ့
ငွေစလေးတွေယူပြီး ဈေးကိုထွက်သွားတယ်...ဈေးတစ်လျှောက်သူ့ကို လိုက်ကြည့်နေတဲ့မျက်ဝန်းတစ်စုံရှိတာကိုတော့ သတိမထားမိပေ......
.ဒီလိုနဲ့ မင်းသားလေးတစ်ယောက် ဈေးကပြန်လာပြီး
ဟင်းချက်ဖို့ရန်ပြင်ဆင်တော့တယ်.."Hawl....ထင်းတွေက ရေစိုနေတာပဲ..ညကမိုးကြောင့်ကိုး😪တောထဲဝင်ပြီး ထင်းလိုက်ရှာရပြန်ဦးမယ်"
Kyung Soo အနီးအနားရှိတောအုပ်ထဲကို ဓါးလေးကိုင်ကာဝင်သွားတယ်..
လေဒါဏ်ကြောင့် သစ်ကိုင်းအကျိုးအပဲ့တွေများပေမယ့်
စိုထိုင်းထိုင်းဖြစ်နေဆဲသာ.."မိုးရွာထားမှတော့ ရေစိုနေဦးမှာပေါ့..
မေ့နေတာ အာ့တာကို..ဟူး..ငါလည်း စိတ်နဲ့လူနဲ့မကပ်လေပဲကိုး...."ထင်းတွေက ထင်သလိုမရတာမို့ သစ်ကိုင်းခြောက်လေးတွေကောက်ပြီး အိမ်ပြန်ဖို့အပြင် လက်တစ်လှမ်းကျော်အကွာ ခြုံပုတ်နားက လူတစ်ယောက်ညီးသံလိုလိုကြားမိတော့
Kyung Soo ရဲ့ ခြေလှမ်းတွေက ထိုခြုံပုတ်ဆီသို့..