Ep.2...***
အနီရောင်ကြာပန်းလေးတွေနဲ့လှပနေပြီး ကြည်လင်
လွန်းတဲ့ရေကန်ရဲ့အနီးက
အဆောင်တော်လေးပေါ်မှာ
ပန်းချီဆွဲနေတဲ့ ဘတ်ဂျယ်ပြည်ရဲ့အိမ်ရှေ့မင်းသားလေး Do Kyung Soo" အထိန်းတော်ကြီး ကြည့်ပါဦး ကိုယ်တော်ဆွဲထားတာ လှရဲ့လားလို့ ..."
အဆောင်တော်ပေါ်ကနေ ရေကန်ထဲကကြာပန်းတွေနဲ့
ငါးလေးတွေမြူးထူးနေကြတဲ့ သဘာဝအလှတရားကို
ကြည့်ရှုခံစားနေကြတဲ့ မင်းကြီးနဲ့မိဖုရားရဲ့ ပုံတူကို ရေးဆွဲထားတဲ့မင်းသားလေးရဲ့လက်ရာပန်းချီကားလေး...
ပြောလို့ပြောတာမဟုတ် ကျွန်တော်တို့မင်းသားလေးဟာ ဓါးရေး.လှရေးစတဲ့စစ်ရေးစစ်ရာကိစ္စတွေကလွဲပီး
စာပေ.အနုပညာ အကုန်ထူးချွန်ပါပေတယ်..
မင်းသားဆိုသော်ငြား ဟင်းပင်ချက်နိုင်သည်" လက်ရာက အရမ်းကိုပြောင်မြောက်လွန်းတဲ့အတွက် ကျွန်တော်မျိုးပင်ရင်သပ်ရှုမောဖြစ်ရပါတယ်
မင်းသားလေး..."အထိန်းတော်ကြီးကအဟုတ်ကိုအဟုတ်အတိုင်းပြော
သော်ငြား ချီးကျူးခံရတာကိုရှက်သွားတဲ့ မင်းသားလေး
Kyung Soo ဟာ ဂုတ်ပိုးလေးကိုပွတ်ရင်း" မယ်တော်တို့ နှစ်သက်လောက်မှာပါနော့်
အထိန်းတော်ကြီး..."" သေချာပေါက်နှစ်ခြိုက်တော်မူမှာပါ မင်းသားလေး.."
" ဒီတစ်နှစ်ကိုယ်တော့်မွေးနေ့မှာ မယ်တော်တို့ဘာလက်ဆောင်များပေးမလဲမသိဘူးနော်..ရင်တောင်ခုန်လာပြီ
၁၈ နှစ်ပြည့်ပြီဆိုတော့ နန်းတော်အပြင်ထွက်ခွင့်ပြုဖို့
ခွင့်တောင်းရမယ်ထင်တယ်နော့်
အထိန်းတော်ကြီး..."" မင်းသားလေးက နန်းတော်ရဲ့အပြင်ဘက်ကပုံစံတွေကို
အရမ်းလေ့လာချင်နေတာလား... "မင်းသားလေးKyung Soo အထိန်းတော်ကြီးဘက်
လှည့်စကားပြောနေတုန်း ဘယ်ကဘယ်လိုရောက်လာ
မှန်းမသိတဲ့မင်းကြီးက မင်းသားလေးရဲ့ခေါင်းလေးကိုကိုင်ရင်းမေးလိုက်တယ်...Kyung Soo တစ်ယောက်
သူ့ခေါင်းလေးကိုကိုင်ထားတဲ့ ခမည်းတော်ဘက်ကို
လှည့်လိုက်ရင်း..
"Nae apamama........" လို့ပြောပြီး ပြုံးပြနေတာဟာ
ကလေးငယ်သဖွယ် အပြစ်ကင်းပြီး
ချစ်ဖို့ကောင်းနေတယ်