Ep.4...***
ကျွန်တော့်ရင်ခွင်ထဲမှာ. လူသားလို့ထင်ရတဲ့
ကောင်လေးတစ်ယောက် ကျွန်တော့်ကိုမျက်လုံးအပြူးသားကြောင်ကြည့်နေတယ်...သူရဲ့
မျက်လုံးဝိုင်းဝိုင်းလေးဟာ
စိန်ပွင့်အလား လရောင်အောက်မှာ
တလက်လက်နှင့်....
နို့နှစ်ရောင်အသားအရေ.နှင်းဆီရောင်နှုတ်ခမ်းဖူးလေး
ဖောင်းဖောင်းလေးဖြစ်နေတဲ့ပါးလေး....
လှရက်လိုက်တာ... ဝတ်စားထားပုံကတော့
ယောက်ျားလေးပါ မဟုတ်မှလွဲ
အိမ်တော်တစ်ခုခုကသခင်မလေးကများ
ပွဲကြည့်ချင်တာကြောင့်
တမင်ဥာဏ်ဆင်ပြီး
ယောက်ျားလေးလိုဝတ်ပြီး လာကြည့်တာလားမသိ..." ဟို......"
အင်မတန်ချစ်စရာကောင်းတဲ့ကောင်လေးကို ရင်ခွင်ထဲက လွှတ်မပေးဘဲ ကြောင်ကြည့်နေတဲ့ အထက်တန်းလွှာက လူကြီးမင်းတစ်ယောက် Kyung Soo အသံကြားမှ
သတိပြန်ဝင်လာတယ်.. ..." arr ...nae.."
" ကျွန်တော့်ကိုလဲကျမသွားအောင်ထိန်းပေးတဲ့အတွက်
ကျေးဇူးပါ လူကြီးမင်း...."အသက်ဝင်နေတဲ့
ပန်းချီကားပမာ လှရက်လိုက်လေခြင်း....
ပြုံးရင်းစကားဆိုနေတဲ့ ကျွန်တော့်အရှေ့က သူဟာ
နတ်ဒေဝါကများအယောင်ဆောင်ထားလေသလား
တစ်ခါမှမမြင်ဖူးခဲ့တဲ့ လှပပြီး စိတ်ကြည်နူးဖွယ်ဖြစ်စေတဲ့
အပြုံး...ပြုံးလိုက်လို့ဖြစ်သွားတဲ့ သူ့ရဲ့ နှုတ်ခမ်းလေး...
အသည်းပုံနှုတ်ခမ်းလေး....
အချိန်တွေ တခဏရပ်သွားသလို..." လူကြီးမင်း....."
" arr.. မလိုပါဘူး...ကိုယ်...arnyi...လူသားအချင်းချင်းကူညီတာပဲ..."
" nae...အာ့တာဆို ကျွန်တော်သွားလိုက်ပါဦးမယ်"
လှည်ထွက်ဖို့ပြင်နေတဲ့ kyung soo လက်ကိုရုတ်တရက်
ဆွဲလိုက်တဲ့ ထိုသူ..." ခဏ...."
"Nae.."
လက်ကိုဆွဲလိုက်တာကြောင့် ကြောင်သွားပြီး
မျက်လုံးလေးပြူးကလယ်ဖြစ်နေတဲ့မင်းသားလေး" ဟို..ခဏလောက် နေပါဦးလား..
စကားပြောရအောင်...ကိုယ်...ကျွန်တော့်အဖော်တွေလည်းဘယ်ရောက်သွားမှန်းမသိလို့.."