အားနည်းချက်

780 86 4
                                    

နေ့တစ်နေ့ရဲ့စစချင်း မနက်အချိန်ခါကတည်းက Namjoonစတင်ပင်ပန်းနေသလိုပင်။ လူကလဲပြုံးလိုက်
ရီလိုက်နှင့် မျက်နှာသစ်နေလေသည်။ သူ့ပါးမှာပါးချိုင့်တွေ
ပေါ်လာရုံမျှ ပြုံးခြင်းကိုသူအလွန်နှစ်သက်သည်။ ကိုယ့်ကိုကိုယ်လဲထိုသို့ပြုံးလိုက်လျှင် ဆွဲဆောင်မှုရှိသည်ဟုထင်မိသည်။ ရေချိုးပြီးခါစဆံပင်သုတ်ရင်း သူအဝတ်အစားလဲနေလေသည်။ သူကိုယ်တိုင်မမြင်ရပေမယ့် သူ့နောက်ကျောမှ ဆေးလိပ်မီးဖြင့်ထိုးခံရ၍ကျန်ရစ်သောအမာရွတ်တချို့သည် ဖွံဖြိုးကျယ်ပြန့်နေသောသူ့ကျောပြင်ကို
အကျည်းတန်စေသည် ။ အပြိုင်းပြိုင်းထနေသောကျောပြင်မှ ကြွက်သားများသည်ကား normalလူတစ်ယောက်
ထက်ပင် ကြီးထွားနေလေသည်ကအံ့သြစရာ !

ထို့နောက်သူ့လွယ်အိတ်ထဲသို့ မီးခြစ်နဲ့ဆေးလိပ်ဘူးကိုထည့်ကာ အိမ်အောက်ထပ်သို့ဆင်းလာလေသည်

Kim Namjoon !

Nae!!

ငါ့ဆီလာဦးမေးစရာရှိလို့

သူခြေလှမ်းတွေက မစ္စတာရောဘတ်တို့အခန်းဆီသို့

ဟုတ်ကဲ့ မေးပါ

အရင်လက စုစုပေါင်းကီလိုဘယ်လောက်လဲအဝင်အထွက်က

ပထမအပတ်မှာ xxxက5ကီလိုxxx 200ဂရမ်။ ဒုတိယအပတ်မှာ
Xxx3.5ကီလိုxxx 185ဂရမ် တတိယအပတ်မှာ xx8ကီလို နဲ့
စတုတ္ထပတ်မှာ xxx6.5ကီလို xxx160ဂရမ်
ပါ ရောဘတ်

[A/N :nameတွေသိပေမယ့်ရေးမပြတော့ပါဘူးနော်မရေးချင်လို့ပါ ]

OMG! Namjoon မင်းကဒါတွေအကုန်မှတ်မိနေတုန်းလား မှန်းစမ်း မင်းရဲ့လက် ပြစမ်း

သွားပြီသူ အလစ်ခံလိုက်ရပြီ ရုတ်တရက်ဘိုးတော်
မေးလိုက်တာကိုသူအမှန်အတိုင်းဖြေလိုက်မိတာ ဘိုးတော်
သံသယဝင်သွားလားလို့သူအကဲခတ်နေမိတယ်။ ဒါပေမယ့် ရောဘတ်ကသူဆေးသုံးမသုံးစစ်ဖို့ဘဲအာရုံရောက်နေတာမြင်ရလို့ သူစိုးရိမ်စိတ်လျော့သွားမိတယ်
၂၄နာရီအတွင်းသူဆေးသုံးထားတာကိုစစ်ဆေးပြီးနောက်
မှမယုံသင်္ကာနဲ့ကြည့်ကာ ထွက်သွားခိုင်းလေတယ်

Shit! Kim Namjoonမေးတိုင်းဖြေမနေစမ်းပါနဲ့

သူ့ကိုယ်သူဒေါသထွက်ကာဆံပင်တွေကိုထိုးဖွရင်းရေရွတ်လေသည် တော်သေးတာပေါ့ ရောဘတ်ကတကွက်ဘဲ
မြင်လို့အကွက်သာကြိုမြင်တတ်ရင် Kim Namjoon
အရိုးပြာဖြစ်သွားတာကြာပီလေ။

Fake LoveWhere stories live. Discover now