Game

611 82 9
                                    

ဒီနေ့တော့နမ်ဂျွန်း စောစောစီးစီးအိပ်ရာထကာ ကျောင်းသို့သွားရန်စိတ်အားထက်သန်နေလေသည် ဒီကြားထဲပတ်ဂျီမင်မရိပ်မိအောင် ကိုယ့်ကိုကိုယ်ပြန်ထိန်းနေရပြန်သည် ဒါပေမယ့်လည်း ကျောင်းပရဝဏ်ထဲစရောက်ကတည်းက တစ်စုံတစ်ရာကိုလိုက်ရှာနေမိသည် မတွေ့သည့်အဆုံး
စိတ်ထဲမှအလိုမကျဖြစ်လာကာ ခပ်အုပ်အုပ်ကျိန်ဆဲလိုက်မိသည်

Fxxx!

သို့ပေမဲ့စိတ်ထဲမှ အရေးတကြီးတွေ့ချင်နေသည့် သူ
က ကင်ဆော့ဂျင်ဆိုသောချာတိတ်
သူအဆင်မှပြေရဲ့လားတကယ်သိချင်နေမိသည်
ဘာလို့ ငါ့ရှေ့မှာပေါ်မလာရတာလဲ ဆော့ဂျင် !

ဟ.....ဟပ်ချိုး

အိပ်ရာနိုးကတည်းကဆက်တိုက်ချေနေသောနှာခေါင်းကိုလက်မထိပ်ဖြင့်ပွတ်ရင်း သူကော်ဖီထိုင်သောက်နေလေသည် ဂျင်လေးတို့နမောနမဲ့နဲ့အခန်းပြတင်းပေါက်ကိုမှမပိတ်ဘဲအိပ်ပျော်သွားလေခြင်း !

အား ညကဂိမ်းပွဲကိုက်နေတာနဲ့ အိပ်ရေးကိုမဝဘူး

အေ့ကွာ Hyungလည်းအိပ်ရေးမဝဘူးညကညဉ့်နက်နေလို့ အဲ ဂျင်လေးညကစောစောအိပ်တာမလား ?

အကိုနှစ်ယောက်ရဲ့စကားကို အာရုံမရတဲ့ဂျင်လေးတစ်ယောက် မျက်လုံးပြူးလေးနဲ့ပြန်ကြည့်နေရှာသည်သူ့ခေါင်းထဲမှာ အင်တာနက်မှာပျံ့နေတဲ့ကိစ္စတွေကိုသာအကိုတို့
မေးရင်ဖြေနိုင်ရန်အဖြေရှာနေမိသည်

အမ် အင်း

ဂျင်လေး အိပ်နေတာဆိုရင်တော့ညကကြားတဲ့ အိ အိ ဆိုတဲ့အသံကသရဲခြောက်တာဘဲနေမယ်

ငင့်သေချာပီ ကိုကိုထယ်ယောင်းကတော့ သူငိုနေတာကိုတဖက်လှည့်နဲ့မေးနေပြန်ပီ သူဘာဖြစ်ဖြစ်အရိပ်မပြရသေးအကောင်လိုက်သိနေသောအကိုတွေ မဟုတ်လား

သရဲ! Hyungတို့နော် ဂျင်လေးကြောက်တတ်တာသိရက်သားနဲ့လာမစကြနဲ့

သူထမင်းစားဝိုင်းမှရှောင်ပြေးရန် မတ်တပ်ရပ်လိုက်လေသည် ချက်ချင်းမျက်လုံးချင်းစုံမိလိုက်တာက အကိုကြီးယွန်ဂီ
သူ့အကိုကြီး၏ တစ်ခုခုစူးစမ်းနေသောအကြည့်ကိုမသိဟန်ဆောင်ပြီး သူ့အခန်းဆီသို့သာပြေးထွက်လာခဲ့လေသည်

Fake LoveWhere stories live. Discover now