ENDing ???

722 84 18
                                    

"ဘယ်ဆီရောက်သွားတာလဲ ငါ့ခွင့်ပြုချက်မပါဘဲလွင့်ပျယ်သွားတယ်ပေါ့ အခုငါမျှော်နေပါတယ် ငါ့နေရာငါ့အနားကိုပြန်လာပေးပါဟာ ငါ့အတွက်နင့်အပြုံးလေးကိုတောင်မြင်ခွင့်မရှိတော့ဘူးလားဟင် လူတွေဆိုတာသေမယ့်နေ့ရောက်ရင်အားလုံးမျက်ရည်တွေနဲ့အတူထားပစ်ခဲ့ရမယ်ဆိုတာငါသိပေမယ့် နောက်ဆုံးအနေနဲ့ငါ့အနားကိုပြန်လာခဲ့ပေးပါ ချစ်သက်ငယ် "

ဝတ္ထုအတွင်းကအဆုံးသတ်စာပိုဒ်လေးအရောက်မှာ
ဆော့ဂျင်ရဲ့ မျက်လုံးအိမ်ထဲမှမျက်ရည်များတသွင်သွင်စီး
ကျနေခဲ့သည် sad endingတဖြစ်လဲထိုဇာတ်လမ်းလေး၏အဆုံးသတ်ကိုသူမခံစားနိုင်ဘဲငိုကြွေးနေခြင်းဖြစ်လေသည် လွန်လေပြီးခဲ့သောနှစ်များအထိအချစ်ဆိုတာ
ဘာမှန်းနားမလည်သေးသော ကင်ဆော့ဂျင်သည်
တက္ကသိုလ်ကျောင်းသားလေးဖြစ်လာချိန်မှာတော့ မကြုံဖူး
သေးပေမယ့် စိတ်ထဲတွင်နှစ်ကာမျက်ရည်ကျလောက်
အောင်အထိခံစားတတ်သော ကောင်လေးတစ်ယောက်ဖြစ်လာခဲ့သည်

ဂျင်လေး ထမင်းစားမယ်ဟေ့

အကိုဖြစ်သူထယ်ယောင်း၏အသံနက်ကြီးဖြင့်ခေါ်သံကိုသူ
ကြားတော့ ပျာပျာသလဲမျက်နှာပေါ်မှမျက်ရည်များကို
သုတ်ပစ်လိုက်သည် ဝတ္ထုဖတ်ပြီးငိုနေတာကိုအကိုဖြစ်သူသိမှာကိုတော့ သူရှက်မိသည် မျက်လုံးတွေဖောင်းအစ်နေမလား အခြေအနေကြည့်ရာ ရဲတွတ်နေသောမျက်နှာ
ကြောင့် သူမျက်နှာသစ်ပြီးမှဆင်းလာခဲ့သည်

ဝါး သားရဲ့ ဂိုဂီ ဂိုဂီ

အကိုတွေသူ့မျက်နှာဖောင်းအစ်နေသည်ကိုသတိမထားမိ
စေရန် overလုပ်မိသွားပြီလို့တော့ထင်မိသည် ဒါပေမယ့်ဟန်မပျက်ဘဲသူထမင်းစားနေလိုက်သည်

သားတို့ နောက်လထဲမှာမင်းတို့ဖေဖေမွေးနေ့ရှိတယ်နော်
မေ့မနေကြနဲ့ဦး

Nae Omma

အရင်တုန်းကဆိုရင်တော့ ဖေဖေ့မွေးနေ့အတွက်စိတ်အလှုပ်ရှားဆုံးသူက ဂျင်လေးဖြစ်နေမည်မှာမလွဲဧကန်ပင်။
သို့သော်လည်း အခုတော့သူနဲ့ ဖေဖေ့ရဲ့ ဝမ်းနည်းစရာဆက်ဆံရေးကြောင့် ဂျင်လေးကြောက်ရွံ့ကာ ဖေဖေ့ကိုရှောင်နေခဲ့မိတာ နှစ်တွေကြာခဲ့ပြီဘဲ

Fake LoveWhere stories live. Discover now