Episode 2

683 98 39
                                    

တိမ်ကင်းစင်ကာ ပြာလဲ့နေသော မိုးသားကောင်းကင်အောက် ကျယ်ဝန်း လှသည့် နန်းတွင်း ရင်ပြင် ပေါ်တွင် လူအများ အစီအရီ ရပ်နေကြပုံကား  အခမ်းအနား တစ်ခုကို အကြီးအကျယ် ကျင်းပ နေကြ ဟန် တူသည်။

စစ်သူကြီး များ …တပ်မှူးများ… ရဲမတ်ပေါင်း များစွာနှင့် အဆင့်အသီးသီး ရှိ နန်းတွင်သူ အပေါင်းတို့  သည် ခေါင်းငုံ့  အရိုအသေ ပေးကာ ငြိမ်သက်စွာ ရပ်နေကြသကဲ့သို့   ကတ္တီပါ ကော်ဇော နီ ခင်းထားသည့် လျှောက်လမ်း တစ်ဖက် တစ်ချက် စီမှာလည်း နေစကြာ အလံ များ ကိုင်မြှောက်ကာ မတ်တပ်ရပ် နေကြသော ရဲမတ်တစ်ချို့ ရှိပေသည်။

လျှောက်လမ်း၏ အဆုံးတွင် ကျောက်လှေကား တစ်ခု ရှိပြီး အပေါ်တွင်  ရွှေ ပုလ္လင် တစ်ခု က အရောင်တဖိတ်ဖိတ် တောက်လျှက်ရှိသည်။

လှေကားရင်း ရှိ  ခြင်္သေပုံ ကျောက်ရုပ်ထု နှစ်ခု ၏ အပေါ်လှေကားထစ်များ၌ ပညာရေး အမတ် … အတိုင်ပင်ခံ အမတ်…သေနာပတိ…ဘဏ္ဌာရေးအမတ်…ကာကွယ်ရေးအမတ် စသည်ဖြင့် အမတ်အသီးသီးတို့ ကလည်း လှေကား၏ တစ်ဖက်တစ်ချက်စီ နေရာယူထားကြပြန်သည် ။

" အရှင်မင်းကြီး ကြွချီ လာပါပြီ…… "

ကုန်းကုန်း တစ်ဦး၏ လျှောက်တင် ချက်နှင့် အတူ ခရာ မှုတ်သံ နှင့် စည် တီးသံ များ ကို ကြက်သီး ထဖွယ် ကြားလိုက်ရပြီး အနီရောင် ကောဇော ထက်ဝယ် ကျက်သရေရှိစွာ ကြွချီလာသူ… သျှီလာ နိုင်ငံ၏ ထီးနန်းဆက်ခံသူ မင်းသား ကင်မ် နမ် ဂျွန်း …

အနက်ရောင် ကတ္တီပါ ဝတ်ရုံပေါ်တွင် နေစကြာပုံများကို  ငွေမင်ရောင်ချည်ဖြင့် ထိုး ထားသည့် နန်းတက် ဝတ်စုံ နှင့် တင့်တယ်လှသော ရှင်ဘုရင်၏ နောက်တွင် ရွှေထီး စောင်းပေးသော ကုန်းကုန်းနှစ်ယောက် ရှိလေသည်။

ဘုရင့် နောက်ပါးတွင် ရွှေရောင် သံချပ်ကာ အကီ င်္ျ ချပ်ချပ်ရပ်ရပ်ဖြင့် နဖူးတွင် နေတံဆိပ်ပါသော အနီရောင် ပိုးပုဝါ စ ကို စည်းထားသည့် စစ်သူကြီး ဂျွန်းဂျောင်းကွတ် … သျှီလာနိုင်ငံတော်၏ အိမ်ရှေ့စံ ဒုတိယ မြှောက် မင်းသားတည်း။

စစ်ရေး ကျွမ်းကျင် သကဲ့သို့  ပန်းချီစာပေ မှာလည်း တဖက်ကမ်း ခတ်သလို တည်ကြည် ပြတ်သားသည့် စိတ်ဓာတ်ကြောင့် မင်းသားဂျွန်း ဆိုသူက နန်းတွင်းသူများကြား ရေပန်းစားသူပင်။

From AfarWhere stories live. Discover now