Episode 5

368 69 12
                                    

ညီအစ်ကို မသိတသိ ဟု သတ်မှတ်ကြသည့် ညရီတရော အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက်  နေသူရိန်ကား အနောက် ကောင်းကင်ဘုံ သို့ ဝင်ရောက်မှေးစက်သွားလေသည်။

'နှင်းအရိပ်' ဟူသည့်စာလုံးအား ကျောက်စိမ်းတုံးပေါ်တွင် ဖောင်းကြွ အောင် ထွန်းထုထားသည့်  ဆိုင်းဘုတ်တစ်ခု သည် ... အဆောက်အဦး အတွင်းရှိ တဖြည်းဖြည်း များပြားလာသော ဆီမီးရောင်တို့ကြောင့် တလက်လက် တောက်ပ နေလေသည်။

ဝက်သစ်ချပင်အိုကြီးပေါ်တွင်  အိပ်တန်းတက်နေပြီ ဖြစ်သော တောကျီးကန်း တစ်အုပ်သည် ရုတ်တရက် အုံးအုံးကြွပ်ကြွပ် ဖြစ်ကာ အုပ်လိုက် ထပြန်သွားလေသည်။

အကြောင်းရင်းကား နှင်းအရိပ် အဝင်ဝရှိ ဝက်သစ်ချပင်ခြေ ရင်းတွင် တစ်စုံတစ်ယောက်သည် လေးလံသော ပစ္စည်း တစ်ထုပ်ကို ဒေါသ တကြီး ပစ်ချ လိုက်လေ၍ဖြစ်သည်။

'' အား.. ငါက ဘာလို့ ဒါတွေ လုပ်ရမှာလဲ...ဟမ် .. ငါက ဘယ်သူမို့လဲ... ငါက ဘတ်ဂျဲရဲ့ အချမ်းသာဆုံး အိမ်ထောင်စုက သားကြီးလေ... '

ထိုကောင်လေး၏ အသံမှာ စွာလန် နေတော့သည်။ ဖြတ်သွား ဖြတ်လာ လူများကလည်း လှည့်ကြည့် လှည့်ကြည့် နှင့်။ နှင်းအရိပ် ဂိတ်ဝ မှ အစောင့်များကတော့ အထူးအဆန်း မဟုတ်တော့သလို... အဖက်တောင်လုပ်၍ မျက်စိ စွေမကြည့်တော့ပေ။ မြို့တွင်း ဈေးထဲမှ ဆန်အိတ်တစ်အိတ် သယ်လာပြီးတိုင်း ဝက်သစ်ချပင် နားရောက်လျှင် ပစ်ချကာ ထိုသို့ ထပ်တလဲလဲ ညီးညူတတ်သည်။

' ငါလို သူဌေးသားလေးက ဘဝမှာ ဒီလို အပိုင်းအခြား ကာလ ရောက်လာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူးကွ အဲ့တာကို မင်းတို့သိလား......ဟင် !!'

တစ်ကိုယ်လုံး ဖြူစွတ်ကာ နှာခေါင်းထိပ်လုံးလုံးလေးသာ  မည်းနေသည့် ခွေးလေးက အိပ်နေရင်းမှ သူ့အနား ဆူညံဆူညံလာလုပ်နေ သောကြောင့် ထိုကောင်လေးအား မျက်စောင်းထိုးလေသည်။

ကင်မ်ဆော့ဂျင် တစ်ယောက် ရုတ်ချည်းမွဲတေသွားသည့် ဖြစ်စဉ်အား  ကျိတ်မနိုင် ခဲမရ ဖြစ်ကာ ပစ်ချထားသည့် ဆန်အိတ်ကိုသာ လွှဲကန်လိုက်လေသည်။

From AfarWhere stories live. Discover now