Episode 6

458 49 3
                                    

ဂျီမင်းအတွက် ခက်ခဲနေသည်မှာ သူ့ကိုပိုက်စိတ်တိုက် လိုက်ရှာနေသည့်အခန်းအပြင်မှ လူများမဟုတ်။ထိုလူများ၏ သိုင်းပညာလောက်ကို ဂျီမင်း တစ်ယောင်ထဲ ရင်ဆိုင်နိုင်ပေသည်။သို့သော် အပြင်မှာ နှင်းအရိပ်က အစောင့်တွေလဲ ရှိသည်။ရုန်းရင်းဆန်ခတ် ဖြစ်သွားမှုကြောင့် ချက်ချင်း ရောက်လာကြခြင်း ဖြစ်မည်။ သူတို့ကတော့ အိမ်ရှေ့စံမင်းသား ကို တစ်ကြိမ်ထက်မက မြင်ဖူးနေမည်မှာ အသေအချာ။ထို့ပြင် အမတ်ချုပ်လွီကပါ နှင်းအရိပ်မှာရှိနေသဖြင့် မိမိ၏ သရုပ်မှန်ကို လုံးဝ မြင်သွား၍မဖြစ်ချေ။

"မင်းတို့က ဘယ်ကလဲ။နှင်းအရိပ်မှာ ခွင့်ပြုချက်မရှိပဲ မဆူပူရဘူး။"

"သိပ် သတ္တိရှိနေတယ်ပေါ့လေ။ငါတို့က အမတ်ချုပ်လွီရဲ့ အမိန့်ကို နာခံနေတာ။မင်း တားရဲသေးလား။"

တုန်လှုပ်သွားကြမည်ဟု ထင်ထားခဲ့သော်လည်း သူတို့ကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေသော နှင်းအရိပ်မှ အစောင့်များကြောင့် မျက်နှာဖုံးအုပ်ထားသော လူများ ဓားအိမ်ထဲမှ ဓားကိုထုတ်ကာ တိုက်ခိုက်ရန် အသင့်အနေအထားသို့ ပြင်လိုက်လေသည်။

"မင်းတို့ သုံးယောက်က ဟိုလူကို လိုက်ရှာ။ငါတို့က သူတို့ကိုတားထားမယ်။"

စကားဆုံးသည်နှင့် ပြေးသွားကြသည့် လူတို့နောက် လိုက်ရန်ပြင်သော်လည်း မိမိတို့ကို လိုက်လံရန်ပြုနေသော လူများရန်မှ ကာကွယ်နေရသည်ကြောင့် နှင်းအရိပ်ထဲတွင် ဆူပူမှု တစ်ခုဖြစ်သွားရသည်။

*************
ဖယောင်းတိုင်မီး မှိန်မှိန်သာ ထွန်းထားသည့် အခန်းငယ်လေးမှာ အခန်းအပြင်ဘက်မှ အုံ့မှိုင်းမှိုင်းသစ်ပင်ကြီးများကြောင့် လရောင်မတိုးနိုင်ဘဲ ရှိလေသည်။
အခန်းထောင့်ရှိ မီးဖိုငယ်ပေါ်မှ ဆေးရည်ကြိုထားသည့် မြေအိုးငယ်မှာလည်း အရောင်မှိန်မှိန်။ မီးဖို၏ နံဘေးတွင်လည်း မီးအရှိန်ထိန်းနိုင်ရန် အသာအယာယပ်ခတ်နေသော သူမှာ လူကြီးမင်းချန်..။ထုံးစံအတိုင်း မျက်နှာကို ပုဝါဖြူစီးထားကာ ပိတုန်းရောင် ဆံသားထူထူကို ထုံးဖွဲ့ထားလေသည်။

အခန်းတံခါးဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းလာဟန် အရိပ်မည်းတစ်ခုကြောင့် ဘေးတွင်ချထားသော ဓားသို့ လက်ရွယ်ထားလိုက်သည်။

From AfarWhere stories live. Discover now