Part 1 စတင်ခြင်း (Z+U)

4.4K 391 31
                                    

Zawgyi

မြူးကြွတဲ့ တီးလုံးသံများနှင့်​မီး​ရောင်​စုံများ​အောက်​တွင်​ ခုန်​​ပေါက်​ကခုန်​​နေကြ​သော ပျိုမဒီများအား ကြည့်​ရင်း ကျွန်​​တော့်​စိတ်​အစဉ်​တို့မှာပူ​လောင်​လို့​လာသည်​။

အရက်​တစ်​ခွက်​အားဇိမ်​ခံ​သောက်ကာ ဒီည သူမတို့ထဲက မည်သူနှင့် ပျော်ပါးရင်ကောင်းမလဲရွေးချယ်နေမိသည်။ သူမတို့ထဲမှ တစ်ယောက်ကတော့ အတော်ထင်သာမြင်သာရှိလှသည်။ ဖြူ ဖွေးနေသောအသားနှင့် ခန္ဓာကိုယ်ကလဲ အတော်မိုက်သည်။

ကခုန်နေခြင်းကြောင့် တစ်ချက် တစ်ချက်အပေါ်ကို တက်သွားသော စကတ်တိုတိုက ပေါင်သားဖွေးဖွေးတို့ကို အတိုင်းလျှစ်ဟာပြလို့။

တံတွေး တစ်ချက်မြို ချလိုက်ကာ သူမအားချဉ်းကပ်ရန် ခုံမှအထ ဂုတ်အားဆောင့်ဆွဲ ခြင်းခံလိုက်ရသည်ကြောင့် နောက်သို့ပြန်ထိုင်ကျ သွားသည်။

စိတ်တိုတိုနဲ့ နောက်လှည့်ကာ အော်မည်ပြင်ပြီးမှ ရင်းနှီး နေသောမျက်နှာကြောင့် ကျွန်တော်အံ့သြသွားရသည်၊

' NaNa !! '

' ငါ့နောက်လိုက်ခဲ့ '

အံ့သြလို့တောင်မဆုံးသေး ဂုတ်ကအတင်းဆွဲခေါ်သွားခြင်းခံလိုက်ရသည်။

NaNaဆိုသည်ကား ကျွန်တော့်အထက်တန်းကျောင်းတုန်းက သူငယ်ချင်းမပင် ။သူ့အပြင် တခြားသူငယ်ချင်းတစ်ယောက်လဲ ရှိသေးသည်။ဤသည်ကား Park Chanyeolဟုခေါ်သော Gameသရဲပင်။

ကျွန်တော်တို့သုံးယောက်သည်ကား သွားအတူလာအတူ စားအတူဆိုပေမယ့် NaNaမနဲ့က ပိုတွဲဖြစ်သည်။NaNaသည် မိန်းကလေးဖြစ်သော်လည်း တစ်စက်ကလေးမှမိန်းမ မဆန် လုံးဝစိတ်မရှည်တတ် စိတ်မြန်လက်မြန်ရှိသည်။အရပ်ကလဲကျွန်တော့်လောက်နီးနီးရှည်သည်။

ဒါ့အပြင် Lesbian လဲဖြစ်တာကြောင့် ကျောင်းတွင် ကောင်မလေးချောချောရှိသည့်အရပ်သို့ နှစ်ဦးသား ချောင်းပေါက်မတတ်သွား တတ်သေးသည်။

ရှုပ်ပွေသောကျွန်တော်တို့နှစ်ယောက်သည်အတွဲညီလှသည်။ Park Chanyeolသည်ကား Gameနှင့်ချစ်ကျွမ်းဝင်နေသည်မို့ Game သည်သာ အသက် Gameသည်သာဘဝဖြစ်နေသူပင်။

We Got Married(Z+U)  _Hiatus_Where stories live. Discover now