Part 13 သိပ်လှတဲ့မင်း (U+Z)

1.8K 315 33
                                    

Zawgyi

'Oh .... Oh Sehun ~ '

Oh Sehun သည်ကား ကျွန်တော့်အနား တဖြည်းဖြည်း လျှောက်လာလို့နေသည်။

သူဘာလုပ်မလို့လဲ ...?

မဟုတ်မှ ကျွန်တော့်ကို လည်ပင်းညှစ်သတ် မလို့များလား !

ကျွန်တော်တွေးနေစဉ်မှာပဲ Oh Sehun လက်က ချထားရာမှနေ အပေါ်မြောက် တက်လာလေသည်။

တ...တကယ်ကြီး ... သတ်တော့မှာလား ...

အမလေးးး အရှင်ဘုရား ကယ်တော်မူပါဦး !!!

ငါလေး မိန်းမတောင် မယူရသေးပဲ သေပွဲဝင်ရတော့မှာလား

စိတ်ထဲ ကမ္ဘာပျက်ကာ ဘုရားတနေချိန်မှာပဲ Oh Sehun က ကျွန်တော့်ရှေ့သို့ရောက်လို့နေပြီ။

သူ့ လက်တစ်ဖက်က ကျွန်တော် မျက်နှာနားသို့ နီးကပ်လို့ လာ၏

သို့ပေမယ့် ထင်ထားသလို ကျွန်တော့် လည်ပင်းအား မဆုပ်ကိုင်လိုက် နှုတ်ခမ်း ထောင့်စွန်းကိုသာ ခပ်ဖွဖွသုတ်သုတ်ပေးလို့နေသည်။

'ပေပွနေအောင် စားထားတာပဲကွာ ကလေးလေး အတိုင်းပဲ'

သူ့စကားများက ရွှင်ပြနေသည်။လက်ချောင်းတို့၏ အထိအတွေ့က ညင်သာလို့ ကျွန်တော် အနည်းငယ်မျှ နာကျင်သွားမည်ကိုပင် မလိုလားဟန်နှင့်။

ကျွန်တော် သူအား မျက်တောင်ပင်မခတ် တောင့်တောင့်ကြီးသာ စိုက်ကြည့်နေမိသည်။

'ဘာတွေ ပြူးကြည့်နေတာလဲ '

သူက ကျွန်တော့်နဖူးအား ခပ်ဖွဖွတောက်ကာ မေးသည်။ သူ့မျက်နှာတွင်လည်း အပြုံးနုနုက ထင်ဟပ်လို့ ။

နဖူးက မနာသော်လည်း ယောင်ယမ်း၍ လက်ဖြင့် ပွတ်သပ်မိတော့ သူက ကျွန်တော့်နဖူးအား ညင်ညင်သာသာ အုပ်ကိုင်ကာ နာသွားလား တဲ့

ခေါင်းကိုသာ ခါရမ်းပြလိုက်သည်။ သူ့အပြုအမူတွေက နူးညံ့​လှသည် ။

အကယ်၍ ကျွန်တော်သာ စင်စစ်မိန်းကလေးဖြစ်နေပါက ဒီတစ်ကွက်ထဲနှင့် သူ့အား သဘောကျမိသွားလောက်ပြီ။

သို့ပေမယ့် ကျွန်တော်ဟာ ယောက်ျားတစ်ယောက် ဖြစ်နေသည်ကြောင့် အံ့သြမှုနှင့် အနေရခက်မှုမှလွဲ တခြားမည်သို့မှမခံစားရ။

We Got Married(Z+U)  _Hiatus_Dove le storie prendono vita. Scoprilo ora