Zawgyi
ကျွန်တော်ထင်ထားသည့် အကျဉ်းချုံး မင်္ဂလာပွဲ သည်ကား ဘုရားကျောင်းထဲတွင် နှစ်ယောက်သားသစ္စာဆို ပြီး အပြန်အလှန်လက်စွပ် ဝတ်ပေးကြမည့် Ro ဆန်ဆန်လက်ထပ်ပွဲလေးပင် ။
ယခုကဲ့သို့ အိမ်တိုင်ရာရောက် လက်ထပ်စာချုပ်ကြီး လာပေးပြီး Oh Sehunလက်မှတ်ဘေးက နေရာတွင် လက်မှတ်ထိုးရန် ပြောနေသည့် အရပ်ရှည်ရှည်နဲ့လူတစ်ယောက် ရောက်လာလိမ့်မည်ဟုထင်မထားခဲ့ပါ။
ပိုဆိုးသည်က Oh Sehunအားအရိပ်ပင်မမြင်ရ ။မနက်အစော အစည်းအဝေးရှိလို့ဆိုလား ။မည်သို့ပင်ဆိုစေ ထိုအရပ်ရှည်ရှည်လူနှင့် Driverသာရောက်ချလာခြင်းကတော့မဖြစ်သင့်ပါ။
'ဒါဆို ကျွန်တော် သွားပါတော့မယ် ဆရာကတော်'
ဆရာကတော် ?
အေးပေါ့လေ သူ့အလုပ်ရှင်နဲ့လက်ထပ်တော့ ငါ့ကို ဆရာကတော်လို့ခေါ်ရတော့မှာပေါ့
'ရောက်လာပြီးမှတော့ ထိုင်ပါအုံး ကော်ဖီလေးဖြစ်ဖြစ် သောက်သွားအုံးလေ .....အိမ်ကတော့ကျဉ်းတယ်.....အဆင်ပြေရဲ့လား '
လက်ထပ်မှတ်ထိုးပြီးသည်နှင့် ပြန်ရန်ပြင်နေသော ထိုသူအား ဧည့်ဝတ်ကျေစေရန်အတွက် မေးလိုက်သည်။
ကျွန်တော် ရုတ်တရပ် ဖော်ရွေပြီး ယဉ်ကျေးသွားခြင်း အပေါ်အံ့သြသွားကုန်ကြပြီထင်ပါ့ ။
အရင်က ဘယ်လိုပဲ ဆဲခဲ့ ဆိုခဲ့ မိုက်ခဲ့ပါစေ ရောမရောက် ရောမလိုကျင့်ရမည်။ ဆရာကတော်ဆိုတော့လဲ ဆရာကတော်လိုတော့ ပြုမူရမည်လေ ။
ကိုယ်တိုင်ကလဲ သူဌေးသမီးမမလေးနေရာတွင် ဝင်သရုပ်ဆောင်နေရသည်ဖြစ်တာမို့ သဏ္ဍာန်လုပ်သရုပ်တူစေရန် ကိုယ့်အနေအထိုင် အပြောအဆိုအား ဆင်ခြင်ရန်လည်း ဆုံးဖြတ်ထား ပြီးသားပင်။
သို့သော်လည်း ကျွန်တော့်ရဲ့ အထက်တန်းကျ အိနြေ္ဒရှိ ဖော်ရွေပျူ ငှါ သူဌေးသမီးမမလေး သရုပ်ကြီးမှာ Oh Sehunနှင့် တွေ့လိုက်လျှင်ဖြင့် ခွမ်းခနဲ ကွဲကြွေသွားမြဲ။
အနှီ Oh Sehun၏စရိုက်အား ကျွန်တော်အတော်ပင် မနှစ်မြို့ပါ။
ရှေ့လျှောက်ဘယ်လို နှစ်ပါးသွားရပါ့ ...
BINABASA MO ANG
We Got Married(Z+U) _Hiatus_
RomanceZawgyi ဘဝကို ပေါ့ပေါ့တန်တန်ပဲ ဖြတ်သန်းနေတဲ့ Kim Jonginဆိုတဲ့ကောင်လေးတစ်ယောက် မိန်းမဟန်ဆောင်ပြီး ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ဖို့ အကြောင်းဖန်လာတဲ့ အခါ..... Unicode ဘဝကို ပေါ့ပေါ့တန်တန်ပဲ ဖြတ်သန်းနေတဲ့ Kim Jonginဆိုတဲ့ ကောင်လေးတစ်ယောက် မိန်းမဟန်ဆောင်...