ကျွန်တော်မှတ်မိနေပါသေးတယ်...
တစ်ချိန်တုန်းက အိမ်ကို လွမ်းတိုင်း သူ့ရဲ့မားကိုတလို့
ငိုကြွေးခဲ့တဲ့ကောင်လေးတစ်ယောက်ကိုပေါ့...
အဲ့ဒီကောင်လေးဟာ သူ့ရဲ့မေမေကို သိပ်ချစ်ပုံရလို့
အိမ်လွမ်းတိုင်းငိုနေတတ်တဲ့ သူ့ကို သူ့ညီလေးတွေက
စနောက်နေခဲ့တဲ့ ပုံရိပ်တွေဟာလည်း အခုထိ
တဝိုးတဝါးစွဲကျန်နေဆဲပါပဲ...အိမ်ကိုလွမ်းတိုင်းငိုတတ်တဲ့ကောင်လေး..
သီချင်းလေးထဲမှာဖွင့်ဟခဲ့တာက..
သူဘယ်လောက်ပဲသတိရနေပါစေမားရဲ့ဖုန်းကို
မကိုင်ခဲ့ဘူးသူအရှူံးမပေးချင်ခဲ့တာကြောင့်တဲ့လေ
ဘယ်လောက်တောင်ကြောက်ရွံခဲ့ရမလဲ..
ဘယ်လောက်တောင် အထီးကျန်ခဲ့လိမ့်မလဲ..သူ့ရဲ့ မျက်ဝန်းတွေကို ဖတ်ဖို့ကြိုးစားတိုင်း..
ပြန်ရခဲ့တာကတော့ အထီးကျန်ဆန်မှူတွေပါပဲ...ဘယ်တုန်းကမှ ဖခင်အကြောင်းဖွင့်ဟလို့မဆိုဖူးခဲ့တဲ့
သူရဲ့ဘဝမှာ မားတစ်ယောက်ကသာ ကမ္ဘာကြီးဖြစ်တယ်ဆိုတာကို ကျွန်တော်သိနေခဲ့ပါတယ်...တစ်ချို့ တွေထင်ကြတာက သူဟာသိပ်ချမ်းသာသတဲ့
သူဟာငယ်စဉ်ဘဝကို အပူအပင်ကင်းစွာကြီးပြင်းခဲ့ရတယ်တဲ့..
သူဟာ သိပ်သွေးအေးသတဲ့...
သူက အတ္တကြီးသတဲ့..ဒီလို ဒီလို စကားတွေကြားတိုင်း ကျွန်တော်နာနာကျင်ကျငိပြုံးမိတယ်..
သူတို့မသိခဲ့တဲ့ နောက်ကွယ်က သူ့ရဲ့ နာကျင်ခြင်းတွေကိုတော့ ကျွန်တော်ဖွင့်ဟလို့မပြောဖြစ်ခဲ့ပါဘူး..