The Boys

4.9K 397 23
                                    

တစ်ခုသောညနေခင်း အချိန် ကောင်းကင်သည်ပုစွန်ဆီ ရောင်သန်းလျက်ရှိပြီး အေးမြစွာတိုးဝှေ့လာသောလေညှင်းဟာလည်းရှုရှိုက်သူကိုပင် လန်းဆန်းသွားစေတယ်။ ပန်းခြံထဲတွင်
မိဘ အဆွေအမျိုး သူငယ်ချင်း စသူတို့နှင့်
ပျော်ပွဲစားထွက်လာပုံရသည့် လူအစုစုတို့ဟာ  ညနေစောင်းပြီဖြစ်လို့ပါလာသည့်ပစ္စည်းမှန်သမျှတို့ကိုသိမ်းဆည်းကာ အလျှိုလျှိုကားပေါ်သို့
တက်သွားကြသည်။ ထိုမြင်ကွင်းကိုပြုံးရင်း ငေးကြည့်နေသည့်ကောင်လေးတစ်ယောက်၏ မျက်ဝန်းရိပ်တို့တွင် ဝမ်းနည်းရိပ်နှင့် အားကျမှုတို့ဖြင့်ပြည့်နှက်နေလေသည်။ ဆက်ကြည့်နေမိရင် ဝမ်းနည်းစိတ်တို့ ရင်ဝထိ ဆောင့်တက်လာတော့မှာမို့ သူ့အကြည့်
တွေကို ထိုလူစုတို့ ဆီမှလွှဲဖယ်လိုက်တယ် ။ ထို့နောက်ထိုင်နေရာမှ မတ်တပ်ရပ်ပြီးး  သူဝတ်လာသည့် ဆင်စွယ်ရောင် pantအတိုလေးမှာပေရေနေသည့် ဖုန်မှုန့်တို့ကိုပုတ်ထုတ်ပြီးခါးအပြင်ထုတ်ဝတ်ထားသည့် စစ်စိမ်းရောင် tshirtလေးကိုပါ ခါးထဲထည့်လို့ ပြန်ပြင်ဝတ်ရင်း သူငယ်ချင်းအလာကို စောင့်နေလေသည်။ 

"ကြာလိုက်တာ "

ပတ်ဝန်းကျင်ကို ကြည့်တော့ သူ့လို 14 5နှစ်အရွယ်ကောင်လေးတွေ စက်ဘီးပတ်စီးသူစီး ဘောလုံးကန်သူကန်နှင့်  ရှိနေသေးသည်။ တစ်ဆက်တည်းမှာပဲ သူခပ်ဝေးဝေးတစ်နေရာကို လှမ်းမျှော်ကြည့်တော့  စက်ဘီးတစ်စီးနှင့်ကမူးရှုးထိုး ပန်းခြံထဲဝင်လာသည့် ကောင်လေးတစ်ယောက်   အသားဖြူစုတ်ကာလူကောင်သေးသေးပိန်ပိန်လေဖြစ်ပြီးအပေါ်အောက်အနက်ဝတ်ထားတာမို့yoongiမှန်းသူသိလိုက်ပြီ ။  အနားရောက်လာတော့မှ ……

"မင်း ဒီနေ့နောက်ကျတယ်နော်… မလာတော့ဖူး
တောင်ထင်နေတာ "

Sunday လိုကျောင်းပိတ်ရက်တိုင်း
အိမ်နီးချင်းဖြစ်သောYoongiဟာသူငယ်ချင်းနဲ့အတူပန်းခြံအတွင်းမဟုတ်ခဲ့ရင်တောင်ရောက်ရာပေါက်ရာသို့စက်ဘီးစီးထွက်လေ့ရှိတယ်။ ပုံမှန်ဆို စက်ဘီးစီးရတာတစ်အားပျင်းတဲ့Yoongi hoseok ချိန်းလျှင် တစ်ခါတစ်ရံအကြောင်းရှာက ချိန်းတဲ့နေရာသို့မလာပဲနေတတ်ပြီး   ထိုနေ့ကျမှ
အိမ်ကိုတစ်ရက်တစ်လေသာလာလေ့ရှိတဲ့အဖေနှင့်စကား ပြောရင်း အမြှီးအမောက်မတည့်ကာရန်ဖြစ်ခဲ့
တာကြောင့်စိတ်ပြေလိုပြေကြောင်းအိမ်ကထွက်လာခဲ့ခြင်းဖြစ်သည်

NEIGHBOUR ||ym [Mature Contents] 🔞Where stories live. Discover now