Epilogue pt1

5.9K 427 42
                                    

Sooyoo POV /

ကျွန်မ အစ်မ အရင်းကိုယ်တိုင်က ညီမဖြစ်တဲ့ကျွန်မ
ကို  ရောဂါကြီးကြီးမားမားရှိနေတာတောင်ဖွင့်မပြောပဲ
အလုပ်အတွက်ခရီးထွက်မယ်ပြောပြီးလိမ်ညာ
သွားတာကို မချိအောင်ခံစားရတာ  သွေးသားဖြစ်တဲ့ တူလေးဆိုဘယ်လောက်ခံစားရမလဲ ။ ကလေးက လွန်ခဲ့တဲ့တစ်ရက်ထဲကစိတ်တွေလွတ်နေခဲ့တယ်… ဆိုးဝါးလိုက်တာ

လွန်ခဲ့သောရက်ထဲက သူခံစားရတာတွေ မေ့မေ့
ပျောက်ပျောက်ဖြစ်အောင် အသားနာချင်တယ်တဲ့
သူ့ခန္ဓာကိုယ်မှာ အနာတရဖြစ်အောင် လုပ်လိုက်ရရင်
စိတ်ထဲနည်းနည်းလောက်ဖြစ်ဖြစ်မေ့မေ့ပျောက်
ပျောက်ဖြစ်သွားမလားလို့တောင်ရယ်မောရင်း
ပြောမိပြောရာတွေပြောခဲ့တာ အခုများ ကျွန်မအပြင်
ရောက်နေချိန်မကြံကောင်းမစည်ရာတွေ လုပ်နေတော့မလား??

ကျွန်မ အငိုက်မိခဲ့ပြီထင်တယ် ။ ငွေရှင်းဖို့တန်းစီ
ရပ်စောင့်နေရပေမယ်စိတ်က ဆေးရုံဆီမှာ…
ခဏအကြာ ကျွန်မအလှည့်ရောက်တော့

" 7000ကျပါတယ် "

" ……………… "

" အစ်မ … "

" ဟုတ် ဘယ်လောက်လဲဟင်? "

" 7000 "

" အာ…… ခဏနော် ! "

နမော်နမဲ့နိုင်လွန်းတဲ့ ကျွန်မ public မှာအရှက်ကွဲ
တော့မယ် ထင်ပါတယ် ။ လက်ကိုင်အိတ်ထဲထည့်လာ
မိတယ် ထင်နေတဲ့ ပိုက်ဆံအိတ်ကဆေးရုံမှာကျန်ရစ်
ခဲ့တာဖြစ်လို့ တစ်မှတ်တိုင်စာဝေးတဲ့ နေရာကို အထုတ်ထားခဲ့ပြီး သွားပြေးယူလို့ကလည်းအဆင်မ
ပြေနိုင်ဘူး ။ တစ်ခါမှ အကျပ်ရိုက်တဲ့အခြေအနေမျိုး
မကြုံခဲ့ဖူးတာမို့ တစ်ကိုယ်လုံးက အခိုးအငွေ့တွေ
တစ်ရှိန်းရှိန်းတက်လာတယ်လို့ပင်ခံစားနေရတယ်

" 7000လား?  "

ကျွန်မနောက်က အမျိုးသားတစ်ယောက်က
ဝန်ထမ်းကောင်လေးကို မေးရင်း သူ့အိတ်ထဲက
ပိုက်ဆံကိုထုတ်ပေးလိုက်သည် ။ သူစိမ်းတစ်ယောက်
က ကျွန်မ အခက်အခဲကို ဝင်ကူညီတာ ကျေးဇူးတင်
ဖို့ကောင်းတယ် ပြီးတော့ ဒီအဖြစ်က
ရှက်စရာကောင်းပြန်တယ်

NEIGHBOUR ||ym [Mature Contents] 🔞Onde histórias criam vida. Descubra agora