Present

4.9K 418 132
                                    

Seokjin's View

" ဟင် Jiminလေး!!!"

သန့်စင်ခန်းတံခါးကို စေ့ရုံစေ့ကာ အထဲမှာအချိန်အတန်ငယ်ကြာအောင် ထိုင်နေသော
Jiminnie …… ကျွန်တော်ရုတ်တရတ်တံခါးဆွဲဖွင့်လိုက်တာကြောင့်

" အာ… လန့်သွားတာပဲ  hyung!   ဟီးဟီးး "

ဒီကောင်လေးအလွန်အူမြူးနေပုံရတယ် ။ လူကိုမြင်
လိုက်တာနဲ့ သွားပင်မစိရယ်ပြနေလိုက်တာ…
ဤသည်ကိုကြည့်ပြီး မိမိငယ်ဘဝကိုပင်ပြန်
အမှတ်ရမိသည်။မျက်လုံးလေးတွေမှိတ်သွားလောက်အောင် ကျွန်တော့်ကိုရယ်ပြသည့်ကောင်လေး အချိန်အတော်ကြာအောင် သန့်စင်ခန်းထဲက
မထွက်နိုင်သေးပဲသူ၏ခြေချောင်းလေးတွေဟာလည်းဂနာမငြိမ်ဖြစ်ကာ လှုပ်နေတာကို  သတိထားမိတယ်။
သူစိတ်လှုပ်ရှားနေတာများ လား ။
ကျွန်တော်လည်း သူ့ရဲ့ပါးဖောင်းဖောင်းလေး
တစ်ဖက်ကို  ညှစ်ဆွဲလိုက်ပြီး

"ပြောပါဦး! ဘာလို့ဒီမှာလာထိုင်နေတာလည်း "

" …ကျွန်တော် ……… "

မျက်နာလေးနီတွတ်ပြီး ဆက်မပြောပဲခေါင်းကြီးငုံ့
ထားသည့် Jimin…… တစ်ခုခုတော့ဖြစ်နေပြီထင်တယ်

" Yoongi ဆူလိုက်လို့လား……? "

" ဟင့်အင်း……မဆူပါဖူး … "

"ဒါဆိုဘာလို့…… "

သူဆိုတဲ့ကောင်လေး တစ်ခါတစ်ရံMinYoongiဆိုသည့် ဂျစ်တူးကောင်နှင့်
တကယ်တူသည်။ Jiminဟာ တစ်ခါတစ်ရံ ၌ Yoongiကဲ့သို့မပွင့်တပွင့်စကားပြောတတ်တယ်။ မေးရင်လည်းအတော်နှင့် မဖြေ အချိန်ဆွဲပြီး သူတို့နှစ်ယောက်စိတ်ကိုလည်းခန့်မှန်းရခက်ခဲသည် ကျွန်တော် သူတို့ကို တကယ်နားမလည်နိုင်ဖူး ။

"Hyung!!!! !! "

သူခေါင်းငုံ့ထားရာမှ ရုတ်တရတ် ကျွန်တော့်အားမော့
ကြည့်ကာ  ကျွန်တော်လိုအသည်းငယ်သူအတွက် အထိတ်တလန့်ဖြစ်စေလောက်သည့် အသံနေအသံထားဖြင့်  Hyung!!လို့ခေါ်လိုက်တာမို့

" ဟေ…… ဘာဖြစ်ပြန်ပြီလဲ "

"ဟိုလေ…… ကျွန်တော့် မျက်နှာအတော်လေး  နီနေလားဟင်? "

NEIGHBOUR ||ym [Mature Contents] 🔞Tempat cerita menjadi hidup. Temukan sekarang