Part . 1

1.7K 41 1
                                    

မိန်းကလေးတွေနဲ့ မိဘအကြောင်း မိတ်ဆက်ပေးမယ်နော်....

Nam Miso - ကျောင်းမှာ စာအရမ်းတော်လွန်းတယ် သူမက ဆင်းရဲတော့ လူတစ်ချို့ရဲ့ လှောင်ပြောင်ခြင်းကိုခံရတယ် ဒါပေမယ့် သူမက ပညာဂုဏ်ရှိတော့ လူအများကြားမှာ သိမ်ငယ်တာမျိုးတော့ မရှိဖူး အချိန်တိုင်း ပျော်ပျော်ရွှင်ရွှင်နေတယ် စိတ်ညစ်တဲ့သူတွေကို တွေ့ရင်လဲ ပျော်ရွှင်မှုပေးချင်တဲ့ စိတ်ကတားမရဖူး

Kim YoonSo - သူမ သူငယ်ချင်းက ဆင်းရဲသလောက် သူမက ချမ်းသာလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာခဲ့တယ် သူမက စိတ်ရင်းလေးက ကောင်းပါတယ် မှန်တယ်ထင်ရင် အကုန်လုပ်တယ် ဘယ်အရာမှ မကြောက်တတ်ဖူး သူမမှာ တစ်ခုပဲ အဲ့ဒါက အစားသိပ်မစားဖူး ချူချာတယ်

Hanuel Evilla - သူမက ငယ်ငယ်လေးထဲက California က အဖေဆီကို တစ်မိသားစုလုံး ပြောင်းသွားခဲ့ကြပြီး သူမကတော့ အထက်တန်း တတ်ချိန်ရောက်မှ Koreaကိုပြန်လာပြီး အခြေချခဲ့တယ် သူမအဖေက နိုင်ငံခြားသားလေ..အဲ့တော့ သူမက လူတွေကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်

သူတို့အားလုံးက ၃ယောက်စီပဲပေါင်းတဲ့ သူငယ်ချင်း အုပ်စု ၂စုပေါ့
ကောင်လေး ၃ယောက်ကတော့ ငယ်ပေါင်းကြီးဖော်တွေ..သူတို့ ဖခင်တွေကလဲ စပ်တူအလုပ် လုပ်ကြတဲ့ ငယ်သူငယ်ချင်းတွေပဲ..သူတို့ ဖခင်တွေက Koreaနိုင်ငံရဲ့ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင် Top 1 to 3ကို နေရာယူထားကြတယ် ဒါ့အပြင် ကောင်လေး ၃ယောက်ဖခင်အပြင် နောက်ထပ် စီးပွားရေး လုပ်ငန်းရှင် သူဌေးတစ်ယောက်ရှိသေးတယ် သူကတော့ သမီးလေး တစ်ယောက်ရှိတယ်

Hanuel Evilla ရဲ့ ဖခင်ကတော့ California ရဲ့ နာမည်ကြီး သူဌေးတစ်ယောက်ပေါ့... သူနဲ့ အလုပ်အတူတူ လုပ်ချင်တဲ့ သူက ခက်များများ....ဒါကြောင့်လဲ သူ့သမီးက လူတွေကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်တာ စရိုက်တစ်ခု အကျင့်တစ်ခုလိုဖြစ်နေတာပေါ့

Kim YoonSoက ခက်စွာစွာနေတတ်တော့ မိသားစုနဲ့ အဆင်မပြေဖူး သူမရဲ့ ဖခင်က သူမကို စကားပြောအဆင်ပြေပြီး မိန်းမဆန်တဲ့ သူတစ်ယောက် ဖြစ်စေချင်တယ် သူမတော့ ချမ်းသာပေမယ့် မောက်မာတဲ့ စိတ်ဓာတ်မျိုးတော့ ရှိမနေဘူး

မတည့်အတူနေ Where stories live. Discover now