Part . 9

222 17 6
                                    

Part . 8 Recall >>
Evilla : ငါရေသောက်ချင်တယ်
Jimin : Ok ငါ ယူပေးမယ်နော်
--------------

Part . 9

Jungkookနဲ့ Miso လဲ Evilla အတွက် လိုမယ်ထင်တာတွေကို ဝယ်ပြီး ဆေးရုံသို့ ထွက်လာစဉ်

Men : Hey...ဟိုကောင်မလေး ရပ်စမ်း...
Miso အသံကြားရာ ဘက်ကို ကြည့်ပြီး ချက်ချင်းဆိုသလို Jk လိုက်ကိုဆွဲပြီး အမြန်လမ်းလျှောက်ရင်း
JK : ခုနက ဘယ်သူတွေလဲ??
Miso : ရှင်နဲ့ မဆိုင်ဖူး အသာနေ...မြန်မြန်သာလျှောက်

JK & Miso အမြန်လျှောက်နေပေမယ့်လဲ ထို လူက

Men : ဟဲ့...ကောင်မ ရပ်လို့ပြောနေတယ်လေ
Jk :  ဘာ!!! ကောင်မ??
Miso : သူ့အရေးမစိုက်ပါနဲ့
Jk : အဲ့လူက ဘာလဲ??

Jk ပြောရင်း ခြေလှမ်းတွေကို ရပ်တန့်လိုက်တော့

Men : ကောင်လေး မင်းတော်တယ်...ဒီကောင်မ ငါ့လက်ထဲက ထွက်ပြေးနေတာကြာပြီ
Jk : ခင်ဗျားက ဘယ်သူလဲ?? ဘာလို့ သူ့နောက်ကို လိုက်နေတာလဲ??
Men : ငါက ဒီကောင်မရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းပေါ့ကွာ...ဘာလို့ သူ့နောက်ကို လိုက်ရသလဲဆိုတော့ ပို......
Miso : ကျွန်မတောင်းပန်ပါတယ် ကျွန်မတို့ကို သွားခွင့်ပြုပါ
Jk : နေပါအုံး... ကောင်မလို့လဲ ခေါ်တယ် ပြီးတော့ ပတ်သက်ရာ ပတ်သက်ကြောင်းဆိုတော့ ခင်ဗျားဆီက သူငွေယူထားလို့လား???
Miso : ကျွန်မတောင်းပန်ပါတယ် Jeon Jungkook shi သွားရအောင်...
Men : နေပါအုံး...ကောင်လေး မင်းက သိပ်ကိုတော်တဲ့ လူတော်လေးပဲ.. ဒါနဲ့ ဒီကောင်မက မင်းနဲ့ ဘယ်လို ပတ်သက်လဲ?? ချစ်သူတွေများလား?? သိပ်တော့..
Miso : ရှင်နဲ့ မဆိုင်တဲ့ကိစ္စကို ရှင်ဘာလို့ လိုက်မေးနေတာလဲ??

(JKလဲ အပြုံး တစ်ပွင့် ဖန်ဆင်းပြီး)

Jk : အဲ့ဒါတွေ ထားပါ... ခင်ဗျားဆီက သူယူထားတဲ့ ငွေက ဘယ်လောက်လဲ???
Miso : Jungkook shi အဲ့လိုမလုပ်ပါနဲ့
Men : မင်းက အဲ့ငွေတွေကို ပြန်ဆပ်ပေးနိုင်လို့လား?
Jk : ခင်ဗျားကြီး လျှာမရှည်နဲ့ ကျုပ်မေးတာပဲ ဖြေ..
Miso : Jungkook shi ကျွန်မကိစ္စ ကျွန်မဘာသာ ရှင်းပါ့မ.....
Men : သန်း ၂၀၀
JK : ခင်ဗျား ဘာပြောလိုက်တယ်?
Miso : ကျွန်မတို့ ချေးတုန်းက သန်း ၁၀၀လေ ရှင်လူလည်မကျနဲ့
Men : မင်းတို့ အတိုးနဲ့ဆို သန်း ၂၀၀ကျော်နေပြီလေ ငါက သနားလို့ သန်း ၂၀၀ပဲတောင်းတာ
Jk : ဟုတ်ပြီလေ... သနားစရာမလိုဖူး.. အတိုးအားလုံးပေါင်းပါ ပြော...
Miso : Jungkook shi 😢
Jk : Miso shi ခဏလေး အေးဆေးနေပေးပါ ကိုယ် အားလုံးဖြေရှင်းပေးမှာမို့လို့
Miso : အဲ့လို မလုပ်လို့ မရဖူးလား? ကျွန်မတောင်းပန်ပါတယ်
Jk : ပြောလေ ခင်ဗျားကြီး ဘာကြည့်နေတာလဲ?
Men : သန်း ၂၅၀
Jk : ခင်ဗျားကို သန်း ၄၀၀ပေးမယ်ဆိုရင် ခင်ဗျား ဒီနိုင်ငံကနေပါ ထွက်သွားပေးမလား???
Men : အိုး...ကောင်လေး အရမ်းအဆင်ပြေတာပေါ့ မင်းသာ တကယ်ပေးမယ်ဆိုရင် ငါက ကမ္ဘာ့တစ်ဖက်ခြမ်းတောင် ထွက်သွားပေးအုံးမှာ
Jk : ကမ္ဘာ့ တစ်ဖက်ခြမ်းကို ထွက်သွားရလောက်တဲ့အထိတော့မလိုပါဖူး ဒီနိုင်ငံမှာ ရှိမနေဖို့ပဲ အရေးကြီးတာ
Men : ငါ ပိုက်ဆံ ဘယ်တော့ရမှာလဲ?? 
Jk : မနက်ဖြန် နေ့ခင်း ၁၂နာရီ ကွက်တိမှာ Jeonအုပ်စုရဲ့ Company ကိုလာခဲ့ Ok??
Miso : Jungkook shi အဲ့လို မလုပ်ပါနဲ့ ကျွန်မကြောင့်နဲ့ ပိုက်ဆံတွေ အကုန်မခံပါနဲ့
Men : ဟေး..မင်းတို့ရဲ့ ပြောပုံဆိုပုံက ချစ်သူတွေနဲ့လဲ မတူပါလား??
Jk : ခင်ဗျားနဲ့ မဆိုင်ဖူး
Men : ဟုတ်ပါပြီ ငါ့အထင်တော့ ဒီလိုကောင်မမျိုးက မင်းတို့လို သူဌေးတွေရဲ့ ပျော်တော်ဆက်ပဲ ဖြစ...(ခွပ်...ခွပ်)

မတည့်အတူနေ Where stories live. Discover now