" တောင်းပန်ပါတယ်.. ကျွန်တော် လောသွား
လို့ပါ.. ''ကျွန်တော် လမ်းကူးနေတုန်း ကောင်လေး
တစ်ယောက် နဲ့ တိုက်မိသွားတာကြောင့်
ကော်ဖီဘူး မှောက်သွားကာ ကျွန်တော့်
အကျီ စိုသွားတယ်..." ရပါတယ်.. အကျီ က ပြန်လဲ လိုက်ရင်
ရပြီးလေ.. နောက်ဆို သတိထားသွားနော်
ကလေး.. ''သူ ထိုကလေး လေး အား ပြုံးပြကာ
စိတ်ပူစရာမလိုဘဲ သွားလိုရာ သွား၍
ရပြီး ဖြစ်ကြောင်း ပြောလိုက်သည် ။သူ့ကို တစ်စက္ကန့်စာလောက်သာ ကြည့်ပြီး
ချက်ချင်း ပြေးထွက်သွားတဲ့ ထို ကလေးလေး
ကြောင့် Jaemin ကြောင်တောင်တောင် ကြီး
ကျန်ခဲ့သည် ။➡➡➡
Jun တစ်ယောက် ညနေ က ကိစ္စကို
ပြန်စဉ်းစားနေသည် ။ လမ်းထိပ်က
ကော်ဖီဆိုင် ရှေ့မှာ သူ ဝင်တိုက်မိတဲ့
လူ အကြောင်း ကို ပြန်စဉ်းစားနေတာ
ဆိုရင် ပိုမှန်လိမ့်မည် ။လူရော ဟုတ်ပါ့မလား?
လူတစ်ယောက် ပြုံးတာ အဲ့လောက်ထိ
လှတယ်တဲ့လား?သူ့ဘဝ မှာ အဲ့လို နွေးထွေး တဲ့ အပြုံးမျိုး
မတွေ့ခဲ့ဖူးတာ အမှန်ပင်...
ထိုလူ ရဲ့ အပြုံးလှလှ ကို မြင်ပြီးကတည်းက
သူ စာတောင် မကျက်နိုင်...ကျက်၍မရတာဆို ပိုမှန်လိမ့်မည်..
လူတစ်ကိုယ်လုံး ကတုန်ကယင် နဲ့
ကြောင်တောင်တောင် ကြီး ဖြစ်နေတာ
ဘယ်လို ခံစားချက်မျိုး ပါလိမ့်?မဟုတ်မှ လွဲရော သူ ထိုလူသား ကို
သဘောကျသွားတာလား?မဖြစ်နိုင်တာ.. သူက လည်း ယောကျာ်းလေး..
ထိုလူကလည်း ယောကျာ်းလေး..ယောကျာ်းလေး က ယောကျာ်းလေး ကို
မြင်မြင်ချင်း ရင်ခုန်သွားတာ?နိုး နိုး လုံးဝ မဖြစ်နိုင်ဘူး..
ဟုတ်တယ်.. ခဏတာ အားကျသလို
ဖြစ်သွားတာ.. ထိုလူရဲ့ အပြုံးကို အားကျ
သွားတာ..သူလည်း နောက်ဆို အဲ့လိုမျိုး စိတ်ထား
ကောင်းကောင်း ထားပြီး အမြဲတမ်း ပြုံး
နေရမယ်..
YOU ARE READING
PERFECTION & imperfection
Fanfiction| Hwang Injun: Perfection | & | Hwang Miyeon: Imperfection | ♡ JaeJun ♡