1️⃣5️⃣

407 30 13
                                    

" Bora Bora~~ မနက်စာက ဘာလဲ "

မနက်မိုးမလင်းခင် ကတည်းက မြူးကြွနေသော
Hwang Injun အား Hwang Miyeon ရော
Kang Bora ပါ ကြည့်မရတော့...။

" Jun မနက် မဟုတ်ဘူး ညကတည်းက
  အလှတွေပြင်နေတာ ဘယ်သွားစရာရှိလို့လဲ?"

" ဘာတွေပြောနေတာလဲ?
  ငါက ဘယ်မှာ အလှပြင်နေလို့လဲ? "

" ဟိုအကျီနဲ့ ငါနဲ့ လိုက်လား ဒီအကျီနဲ့ အဆင်ပြေရဲ့လား
ဆိုပြီး ညကတည်းက လာမေးနေတာ ဘယ်သူလဲ?
လမ်းထိပ်က ကလေးလား? "

Yeon ပြောတော့မှ လျှာတစ်လစ်နဲ့ ရယ်ပြလာသည် ။

" Jaeminnie က ဒီနေ့တွေ့ရအောင်ဆိုလို့ "

" Jaemin နဲ့က မတွေ့ဖူးတဲ့လူတွေလား?
ဒါနဲ့ နေပါဦး ၊ သူနဲ့ တွေ့ဖို့ ဒီလောက်ထိ ပြင်စရာလို
လို့လား Jun ၊ "

" ကိုယ့်ဆီက အဖြေတောင်းထားတဲ့လူနဲ့ သွားတွေ့မှာလေ ၊ အနည်းဆုံးတော့ ကိုယ်က မိုက်နေရမှာပေါ့ "

"ဘာလဲ အဖြေသွားပေးမလို့လား? "

Yeon စနောက်ပြီး ပြောလိုက်သော်လည်း
နားရွက်လေးတွေ နီကာ ရှက်သွေးဖြာနေရှာသော Junကြောင့် Bora ရော Yeon ရော ပါးစပ်
အဟောင်းသား ဖြစ်ကုန်သည် ။

လတွေ အကြာကြီး အချိန်ယူ စဉ်းစားခဲ့ပြီး ပြီးမို့
ဒီထက်ပို အချိန်ယူနေစရာ မလိုတော့ကြောင်း
သူတို့ သိခဲ့သည်မှာလည်း နှစ်နဲ့ ချီနေပြီး ဖြစ်သည် ။ ပဲများလွန်းသော Junကြောင့် Jaeminလည်း တစ်ကိုယ်တည်း ဘဝနဲ့ နေ ခဲ့ရသည် ။

ဒီနေ့သာ အဖြေမပေးဖြစ်ရင် Na Jaeminတော့ ရင်ထုပြီး အော်ငိုတော့မှာ အသေအချာပင် ။

➡➡➡

" ဟိုင်း.... အမေရိကာနို တစ်ခွက်ပေးပါ ခင်ဗျာ"

အရောင်းဝန်ထမ်းမလေး ကမ်းပေးလာသော
ကော်ဖီဘူးအား လှမ်းယူလိုက်ပြီး နှုတ်ဆက်ကာ
ဆိုင်ပြင်သို့ သူထွက်လာခဲ့သည် ။

ရာသီဥတုက ဒီနေ့မှဘဲ ခါတိုင်းထက် ပိုသာယာ
နေသလိုပင် ။

You've reached the end of published parts.

⏰ Last updated: Sep 26, 2019 ⏰

Add this story to your Library to get notified about new parts!

PERFECTION & imperfectionWhere stories live. Discover now