1️⃣2️⃣

355 54 40
                                    

ခပ်ပါးပါး နှုတ်ခမ်းလေး က ဘာစကားသံမှ
မထွက်လာတော့ဘဲ တိတ်ဆိတ်သွားသည် ။

ဖြူလွလွ ကောင်ငယ်လေးရဲ့ တိတ်ဆိတ်သွားခြင်းက သူနဲ့ သက်ဆိုင်နေသည်မှန်း Jaemin သိသော်လည်း မသိချင်ယောင်ဆောင်နေလိုက်သည် ။

" Injunnie က ငါ့ကို သိတယ်လား "

သူ့ကိုသာ အကြောင်သား ငေးကြည့်နေသော Injun ကြောင့် အနေ ခက်နေ သည် ။

" Injun ငါ ပြောတာ ကြားရဲ့လား? "

ပုံမှန် မပျက်တတ်သော မီးကလည်း အခုမှ ထပျက်
တော့သည် ။

"ဒီကို ဘယ်လို ရောက်လာတာလဲ? "

Injun ဆီက ပထမဆုံး ထွက်လာသော စကား
ကြောင့် Jaemin အလှဆုံး ပြုံးကာပြန်ဖြေလိုက်
သည် ။

" Injunnie တစ်ယောက်တည်း ပြန်တာ တွေ့လို့... လိုက်လာတာ "

ခပ်စူးစူး အကြည့်တစ်ချက်က မှောင်နေတဲ့ အချိန်မှာတောင် လူကို လန့်သွားစေသည် ။

" ငါ သွားတော့မယ် "

လစ်ခနဲ ပြေးထွက်သွားတာမို့ Jaemin ဆက်လိုက်
မသွားမိ ။ အိမ်ရောက်ရန်လည်း သိပ်မကျန်တော့တာမို့ Injun အိမ်ထဲ ဝင်သွားတာ တွေ့မှ သူ ပြန်လာခဲ့သည် ။

အခုချိန်ထိ ခုန်နေသေးသည့် ရင်ဘတ်ကြောင့်
Injun စိတ်မလှုံ ။

ယောကျာ်းလေး တစ်ယောက် ရဲ့ စကားချိုချိုတွေ ကို ရင်ခုန်နေမိတဲ့ သူ ကိုယ်တိုင်ကလည်း
ယောကျာ်းလေး တစ်ယောက် ဖြစ်နေတာမို့
ခံရ အခက်သား... ။

ပြီးတော့ ထိုယောကျာ်းသည် သူ့ အစ်မ၏ ချစ်သူ
ဖြစ်နေသည်မလား...။

" Jun တံခါးကို မှီပြီး ဘာလုပ်နေတာလဲ? "

Face mask ကြီးတပ်ကာထွက်လာသည့် သူ့အစ်
မ ဖြစ်သူ ကြောင့် Injun လန့်ကာ ထိုင်ရက် ပြုတ်
ကျတော့သည် ။

" လန့်သွားတာဘဲ Yeon ရာ... နောက်ခါ အသံပေးပြီး မှ လာခဲ့ "

" Yah..နင် ရူးသွားပြီးလား? ငါ့ဘာသာငါ အခန်း
ထဲက ထွက်လာတာကို နင့်ကို အသံပေးနေရမှာလား? "

PERFECTION & imperfectionWhere stories live. Discover now