ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ ကိစ္စတော်တော်များများမှာလွယ်ကူပါတယ်။ ငါတို့်ဟာ ဆုံးရှုံးမှုနည်းပြီး တခြားသူတွေရဲ့ ဘဝ၊ အလုပ်အကိုင် စတာတွေပေါ်မူတည်ပြီး ဝေဖန်ရတာဖြစ်ပါတယ်။ အနုတ်သဘောဆောင်တဲ့ဝေဖန်မှုကိုရေးသားတဲ့သူတွေ တော်တော့်ကိုများပါတယ်။ ရေးရတဲ့သူကလဲ ပျော်ရသလို ဖတ်ရတဲ့သူကလဲ စိတ်ဝင်တစားဖတ်ရှုကြတယ်လေ။ ဒါပေမယ့် ဝေဖန်ရေးသမားတွေလဲ ခါးသီးတဲ့အမှန်တရားနဲ့တော့တွေ့ကြုံရဦးမှာပဲ။ အဲ့တာက ဘာလဲဆိုတော့ သာမန်အမှိုက်စ တစ်ခုဟာ ငါ့ရဲ့ဝေဖန်မှုထက် ပိုပြီးတော့ အဓိပ္ပါယ်ပြည့်ပြီး ခမ်းနားကြီးကျယ်နေတာပါပဲ။ ပြီးတော့တစ်ခါတစ်လေကျတော့ ဝေဖန်ရေးသမားတွေက ဆုံးရှုံးမှုတွေကိုလက်ခံရတတ်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ "အသစ်" တစ်ခုကိုကြုံတွေ့ရပြီး အဲ့"အသစ်" ကိုကာကွယ်ပေးချင်လို့ပါပဲ။ လောကကြီးက အသစ်ဆိုတဲ့ အတတ်ပညာတွေ၊ တီထွင်မှုတွေအတွက် ခါးသီးလွန်းတယ်လေ။ ဒီတော့ အဲ့"အသစ်" တွေက သူငယ်ချင်းလိုတယ်။
မနေ့ညက ငါအသစ်တစ်ခု ကြုံတွေ့ခဲ့တယ်။ ထူးချွန်ပြောင်မြောက်လှတဲ့ အစားအစာတစ်မျိုးကို မထင်မှတ်တဲ့နေရာကနေ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲ့အစားအစာနဲ့ အဲ့အစားအစာလုပ်တဲ့သူဟာ သူတို့ချက်တဲ့အစာကိုမစားခင်အထိ ငါ့ရဲ့ ကောင်းမွန်တဲ့ချက်ပြုတ်မှုမရှိဘူးဆိုတဲ့စိတ်ကို အကောင်းဆုံးစိမ်ခေါ်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ ငါ့ကို အကောင်းဆုံး တင်ဆက်ပြီး ကျွေးမွေးနိုင်ခဲ့ပါတယ်။ အရင်က ငါဟာ နာမည်ကြီးစာဖိုးမှုးကြီးရဲ့ မိုတိုဖြစ်တဲ့ "လူတိုင်း ချက်ပြုတ်နိုင်သည်" ဆိုတာကြီးကို အထင်သေးခဲ့ပါတယ်။ ဒါပေမယ့် ငါအခုသေချာနားလည်သွားပါပြီ။ လူတိုင်းဟာ ကြီးကျယ်တဲ့အနုပညာရှင်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကြီးကျယ်တဲ့ အနုပညာရှင်ဟာ ဘယ်နေရာကမဆိုပေါ်ထွက်လာနိုင်ပါတယ်။ အခုဒီ ဂူစတို့ဗ်ဆိုတဲ့ စားသောက်ဆိုင်မှာ ချက်ပြုတ်နေတဲ့ စားဖိုမှုးဟာဆိုရင် ဒီဝေဖန်ရေးဆရာ ကျနော့်သဘောအရ သူဟာ ပြင်သစ်မှာအကောင်းဆုံးစားဖိုမှုးဖြစ်ပါတယ်။ ကျနော်ဟာ ဂူစတို့ဗ်ကို နောက်တစ်ကြိမ်ပြန်သွားဦးမှာပါ။ ဒီ့ထက်ကောင်းတဲ့ဟင်းလျာတွေစားဖို့အတွက်ပေါ့။
