၂၀၁၁ ခုနှစ်
ဒီလမ်းမကြီးကို လျှောက်ခဲ့တယ်
ငါတစ်ခါမှ မလျှောက်ဖူးပေမယ့် ငါဘာကိုမှမကြောက်ဘူး
ရှေ့ဆက် နယ်မြေချဲ့ထွင်ဖို့ပဲ ငါစိတ်ဝင်စားခဲ့တယ်
အဲ့အချိန် ငါ့ဘောင်းဘီအိတ်ထဲမှာ ပိုက်ဆံ ၂၀၀နဲ့ပေါ့၂၀၁၃ခုနှစ်
ဒီလမ်းမကြီးကို လျှောက်ခဲ့တယ်
ငါလျှောက်ဖူးနေကျ လမ်းဖြစ်လို့ ဘာကိုမှ ဂရုမစိုက်မိဘူး
ရှေ့ဆက် ဘယ်လိုအသုံးချရမယ်ဆိုတာပဲ ငါစိတ်ဝင်စားခဲ့တယ်
အဲ့အချိန် ငါ့ဆီမှာ တန်ဖိုးနည်းဖုန်းတစ်လုံးနဲ့ပေါ့၂၀၁၅ခုနှစ်
ဒီလမ်းမကြီးကို လျှောက်ခဲ့တယ်
ငါလျှောက်ဖူးနေကျပေမယ့် ငါ့စိတ်ထဲစိမ်းနေတယ်
ရှေ့ဆက်ငါသွားချင်တဲ့နေရာကို အမြန်ရောက်ဖို့ပဲ ငါစိတ်ဝင်စားတော့တယ်
အဲ့အချိန် ငါ့ဆီမှာ တန်ဖိုးကြီးဖုန်းတစ်လုံးနဲ့ပေါ့၂၀၁၇ခုနှစ်
ဒီလမ်းမကြီးကိုငါလျှောက်ခဲ့တယ်
ငါလျှောက်ဖူးနေကြပေမယ့် ဖြတ်သန်းရမှာငါကြောက်နေတယ်
အိမ်ကိုအမြန်ပြန်ရောက်ဖို့ပဲ စိတ်ဝင်စားတော့တယ်
အဲ့အချိန် ငါ့ဆီမှာ တန်ဖိုးကြီး ဖုန်းတစ်လုံးရယ် ပိုက်ဆံများများရယ်ပေါ့၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ရက်
ဒီလမ်းမကြီးကိုဖြတ်ခဲ့တယ်
ပြောင်းလဲသွားတဲ့ကိစ္စတွေစဉ်းစားရင် ငါဘာတွေစိတ်ဝင်စားမိမှန်းဂရုမစိုက်မိတော့ဘူး
အိမ်မက်ကမ္ဘာထဲမှာ ဆက်နေနေချင်စိတ်ပဲရှိတော့တယ်
အဲ့အချိန် ငါ့ဆီမှာ ဖုန်းနဲ့ပိုက်ဆံထည့်ထားတဲ့အိတ်တစ်လုံးရယ် ထီးတစ်လက်ရယ်ပေါ့သြော်.ဒီလမ်းမကြီးက ဒီအတိုင်းရှိနေပေမယ့် ငါတော့တော်တော်ပြောင်းလဲသွားပြီပဲ