သူမ......
ချောမောလှပလွန်းတဲ့သူမ
အရယ်အပြုံးတွေနဲ့ မမေ့နိုင်လောက်အောင်ဖမ်းစားနိုင်တဲ့သူမ
လူတိုင်းအပေါ်ကို စိတ်ကောင်းထားတတ်တဲ့သူမ
ဒါပေမယ့် ဒီလမ်းတွေမှာ သူမကိုကျနော်မြင်နေရတုန်းပဲ
သူမရဲ့အမူအကျင့်တွေ သူမပြောခဲ့တဲ့စကားတွေ အခုထိမြင်ယောင်ကြားယောင်နေတယ်
သူမ ဒီလောကကြီးကထွက်သွားတာ ၂လရှိပြီ
သူမရဲ့ လက်က သွေးကြောကို သူမကိုယ်တိုင်ဖြတ်ပြီးတော့ပေါ့
သူမ ဘယ်လိုကိစ္စတွေကြုံတွေ့ခဲ့ရလို့လဲ
သူမပြောတော့ ကျနော်က သူ့ရဲ့အရင်းနှီးဆုံးသူတစ်ယောက်တဲ့
သူမ ဆီက နှုတ်ဆက်စာတစ်စောင်တောင်မရခဲ့ဘူး
သူမကို အတန်းထဲမှာကတည်းက လိုက်ကြည့်ပြီးသဘောကျနေမိတာ
သူမ ဒါတွေကိုတော့ မသိနိုင်တော့ပါဘူး
သူမ အကြောင်းကိုအိမ်အပြန်လမ်းမှာတွေးနေမိတာ
ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်နာမည်နဲ့ အထုတ်တစ်ထုတ်ရောက်နေတယ်လို့ အမေကပြောတယ်
ဖွင့်ကြည့်လိုက်တော့ ကတ်ဆတ်ခွေ ၁၃ခွေနဲ့ သူမဆီက စာတစ်စောင်......
ကျနော်သိချင်တဲ့ အဖြေတွေများရေးထားမလား.....
ကျနော်မဖြေရှင်းနိုင်တဲ့ သူမရဲ့ကိစ္စတွေကို ဒီအထုတ်ထဲက ကတ်ဆတ်ခွေတွေကဖြေရှင်းသွားမလား.....
ကျနော်ရင်တွေခုန်ရင်းနဲ့ စာရွက်ထဲက စာကိုအရင်ဆုံးဖတ်ကြည့်လိုက်တယ်
စာထဲမှာရေးထားတာက.............
