1543
အပိုင်း (၁၈)
#1543
"ဒါကြီးလား.."
"ဟုတ်ကဲ့...အောက်သုံးထပ်က ရှော့ပင်း စင်တာ ဖွင့်ထားတာပါ...အပေါ်ကတော့ ..၄ထပ်မှာ အားကစားခန်းမ နဲ့ ၅ထပ် မှာ စားသောက်ဆိုင် ပါ...၆ထပ်ကတော့ ဟောခန်း......အပေါ်ဆုံးအထပ်ကတော့ ဆရာသိမ်းထားတယ်.."
"အိုး..ဘာလုပ်အုံးမလည်း မသိဘူး.."
"ဆရာက အမြင့်ကို ကြိုက်လို့ပါ.."
"ဟုတ်မှာပေါ့..."
သစ် နှုတ်ခမ်းမဲ့ ပြောပြီး တံခါးဖွင့် ၀င်လာတော့ ဘယ်သူမှ မရှိပေမဲ့ အေးစိမ့်သွားသည်..။
အသီးအနှံ ခြင်းတွေနဲ့ အသားငါး ထည့်ဖို့ မှန်ဘုံးတွေ အဆင့်သင့် ရှိပေမဲ့ ဘာပစ္စည်းမှ ထည့်မထားသေး...။
"အစ်မ...ဒုတိယထပ်ကို သွားရမယ် ထင်တယ်...အောက်မှာ က အစားအသောက် ပိုင်းဆိုတော့လေ..."
"အင်း.."
သစ် ခေါင်းညိတ်ပြီး လှေကားကို တစ်ယောက်တည်းစီးရတာ ဘယ်လိုကြီးမှန်းမသိ...။
နိုင်ငံခြား စူပါမားကပ် ပုံစံ မျိုး ဗိသုကာ လက်ရာ ခမ်းနားပေမဲ့ သစ် တစ်ယောက်တည်း လျှောက်ဝယ်နေတာ VIP လည်း မဟုတ်ပါပဲ...။
"ကျွန်တော် အောက်မှာ စောင့်နေပါမယ်.."
"ဟုတ်ကဲ့.."
လှေကားက ပြန်ဆင်းသွားတဲ့ လူကို ကြည့်ပြီး ရှေ့ကို ပြန်ကြည့်လိုက်တော့ တစ်ထပ်လုံးမှာ လူတစ်ယောက်တောင် မရှိနေပါ...။
ဒါကို ဘယ်လို ၀ယ်ရမှာလည်း ကောင်တာ ခုံတွေ ရှိနေပေမဲ့ ဘယ်သူမှလည်း မရှိ....။
YOU ARE READING
1543 (Complete)
Random"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင်ပြောလိုက်မယ်.. နင်အခုလို အနိုင်...