Part 24

1.9K 125 4
                                    


1543

Oops! Această imagine nu respectă Ghidul de Conținut. Pentru a continua publicarea, te rugăm să înlături imaginea sau să încarci o altă imagine.

1543

အပိုင်း (၂၄)

#1543

"ဒေါ်....ကြီး....မမ...သစ်ရွက်..."

"ဘာလည်း.."

"ခင်ဗျား ဘယ်မှာ အိပ်မှာလည်း.."

မျက်နှာ ပြောင်စပ်စပ် ရုပ်နဲ့ ရေချိုးကန်ထဲက ခေါင်းနောက်လှန်ကြည့်ပြီး မေးတော့ သစ် မျက်နှာထား တင်းတင်း ဖြစ်အောင် ပြင်လိုက်သည်။

သူ့ ခေါင်းက ဆပ်ပြာမြှုပ် တွေကို လက်သည်းနဲ့ ဖိကုပ်ရင်း..

"ကြီးကြီး ဆီမှာပဲ.."

"ဟာ လွန်လာပြီ..."

သူ့အသံက မြှင့်လာတော့ သစ် လုပ်လက်စကို ရပ်ပြီး အလိုမကျစွာ မျက်မှောင်ကြုတ် လိုက်ရင်း..

"ဘာလွန်လည်း.."

"ခင်ဗျား ကြီးကြီး ဆီ သွားအိပ်တာ ငါးရက်တောင် ရှိနေပြီနော်.."

"ကြီးကြီး နေမကောင်းလို့ သွားအိပ်တာ ဘာဖြစ်လည်း.."

"မဟုတ်သေးပါဘူး.."

ရေမရှိတဲ့ ကြွေကန်ထဲကနေ ငုတ်တုတ်ထထိုင်ပြီး သစ် ဘက်ကို မျက်နှာမူလာတော့ နောက်ဆုတ်လိုက်ရသည်..။

"ကြီးကြီး အခန်းထဲမှာ သူနာပြု ချည်းပဲ လေးယောက်ရှိတယ်...ပြီးတော့ ဆေးစစ်ချက်တွေအရ သက်သာလာပါပြီ ဆိုတာ ခင်ဗျား ဘာလို့ သွားအိပ်နေသေးလည်း.."

"ငါ့ ရဲ့ တစ်ဦးတည်းသော အဒေါ်အမေ မို့လို့ပေါ့..."

"ဒါ ဆို ကျွန်တော် ကကော..."

လူကို စိုက် ကြည့်ခါ နှုတ်ခမ်းတွန့် ပြုံးရင်း မေးလာတော့ သစ် မဲ့ ပြုံး တစ်ခု ပြုံးလိုက်ပြီး..

"လောက မှာ ငါ အမုန်းဆုံး ယောင်္ကျား..."

သူ့ဆီက သက်ပြင်းချသံ သဲ့သဲ့ ကြားလိုက်ရပေမဲ့ သစ် အကြည့်တွေကို ပန်းချီပန်းတွေပေါ်မှာပဲ ပို့ထားလိုက်သည်..။

1543 (Complete) Unde poveștirile trăiesc. Descoperă acum