Part 3

2.3K 136 2
                                    

1543

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

1543

အပိုင်း (၃)

#1543

"ဟင်"

တီးလုံးသံ တိုးလျလျလေးကနေ တဖြည်းဖြည်း ကျယ်လောင်လာတော့မှ အိမ်မက်မဟုတ်ဘူးဆိုတာ သတိရပြီး ငုတ်တုတ်ထထိုင် လိုက်ရသည်..။

"ဟူး..တော်ပါသေးရဲ့..."

ကြီးကြီး မရှိရင် နှိုးမဲ့သူ မရှိတော့ ဖုန်း ကို အလမ်း လေးခါ တောင် ပေးခဲ့ရတာတောင် အလုပ်ချိန်က ကပ်နေပြီ..။

"အကျီ င်္ အရင် ထုတ်ထားရမယ်.."

"နေပါအုံး....အောက်ခံစကပ် ဘယ်ရောက်သွားလည်း.."

ဘီဒို အောက်ဆုံးထိ လိုက်ရှာလည်း မတွေ့ နောက်ကျရတဲ့ကြားထဲ စိတ်က ရှုပ်လာရသည်..။

ကုတင်အောက်ကို ငုံ့ကြည့်လိုက်မှ ဒင်းက ထောင့်ကပ်နေသည်..။

"ကုန်ပါပြီ..မီးပူထိုးပြီးသားတွေ အထပ်လိုက် ပြုတ်ကျနေတာပဲ စိတ်ဆင်းရဲလိုက်တာ..."

အ၀တ် အထပ်လိုက်ကို ဖွဖွလေးကောက်ယူပြီး ပုံမပျက်အောင် ထိန်းကိုင်ခါ ဘီဒိုထဲ ထည့်လိုက်ရသည်..။.

"အပြစ်မမြင်ပါဘူး...ချစ်ချင်တာပဲ သိတယ် အိုး.🎼."

"ဟလို..."

"အေး..အေး...အစ်မထွက်လာနေပြီ..ဘယ်ဈေးမှာလည်း..လိုက်လာခဲ့မယ်နော်....အေးပါ တကယ်လမ်းပေါ်ရောက်နေပြီ..."

ဖုန်းချပြီး နှုတ်ခမ်းကို စိတ်တိုင်းကျ မဲ့ရွဲ့ ပစ်လိုက်သည်...။

အလုပ်တူတူ လုပ်နေတာ သုံးနှစ်ကျော် လာပြီ ဒင်း တို့တွေက ခုချိန် ထိ နိုင်စားကြတုန်း...။

အရင်ထက် စာရင် ဈေးရောင်းတက်လာပါပြီ..ဈေးကွက် အခြေအနေတွေလည်း အကြံပေးလို့ရသလို..

1543 (Complete) Where stories live. Discover now