သူ...........ကျတော့်ကိုသတိရသေးရဲ့လား။မဖြစ်နိုင်ဖို့က ကျိန်းသေလို့နေချေပြီ။သူနဲ့ကျတော်ဝေးနေတာတောင် နှစ်တွေကနည်းတော့တာမှ မဟုတ်တာ။ခုဆို၇နှစ်တောင်ရှိပါပေါ့လား။ကျတော်သူ့ကိုလွမ်းမိပါတယ်။သူကတော့သိမှာမဟုတ်တော့ပါဘူး။ကိုကိုတဲ့။ ကျတော်နှစ်သက်စွာခေါ်ဝေါ်ခဲ့တဲ့နာမ်စားလေး ။သူကလဲအင်မတန်နှစ်ခြိုက်ခဲ့တာပေါ့လေ။ကျတော်ချစ်ရင်လည်းအပြစ်မဆိုသာဘူးလို့ထင်ပါတယ်။ "Wen JunHui"လို့ခေါ်တဲ့ကိုကိုက ယောကျာ်းပီသပြီးအမြဲ ပျော်ပျော်နေတတ်လို့ ကျတော်အမြတ်တနိုး ချစ်ခဲ့ရသည်လေ။ သဘောကောင်းပြီး ပျော်ပျော်နေတတ်သောကိုကိုက ခပ်တည်တည်မနေဘဲ ကျတော့်ကိုလဲအမြဲစနောက်တတ်သည်မှာ ကျတော့်အတွက်ခေါက်ရိုးပင်ကျိုးနေပါပြီ။
ကိုကို့အတွက်ဆို ဟင်းတွေဆိုလည်း မပင်မပန်းချက်ပြုတ်ကျွေးတာကအစ ဖိနပ်ဖုန်သုတ်ပေးတာကအဆုးံ ကျတော့်အတွက်ပျော်ရွှင်မှုတစ်ခုကို ရစေတယ်။ကိုကို့အလုပ်ဟူသမျှကို တစ်ယောက်ထဲသိမ်းကျုးံလုပ်ရမှ ကျေနပ်သောကျတော့်ကို ကိုကိုကညီလေး
တစ်ယောက်ထက်မပိုခဲ့သည်မှာ ကျတော်အဖို့
ဝမ်းနည်းဖွယ်ရာပင်ဖြစ်သော်လည်း တစ်ဖက်သတ်စိတ်ကူးယဉ်ခွင့်ရရုံနှင့် ကျေနပ်ရသည်ပင်။ကိုကို့အတွက်ဆို ဘာမဆိုလုပ်ရလုပ်ရ ကျေနပ်တဲ့ကောင်လေးဆိုတာ ကိုကိုနည်းနည်းလောက်တော့ သိလိမ့်မယ်
ဟုထင်ပါတယ်။ဒါပေမယ့် ကိုကို့မှာချစ်သူမရှိ
နေသရွေ့ ကျတော့်အနေနဲ့မျှော်လင့်ခွင့်ရသေး
တယ်ဟု စိတ်ထင်ပြီးချစ်နေခဲ့တဲ့ ကျတော့်ကို
ဤကဲ့သို့ချန်ရစ်ခဲ့မည်ဟု ကျတော့်တစ်သက်
တာတွင် တွေးပင်မတွေးခဲ့မိပါ။မေမေ၏စကားအရ ကျတော်သည်မေမေ့
အဒေါ်တစ်ယောက်အိမ်တွင် ကူညီလုပ်ကိုင်ရ
မယ်တဲ့။သူတို့အပြောကတော့ ဝိုင်းလုပ်ဝိုင်းစားတဲ့။ သို့သော်လည်း မေမေ့အဒေါ်ဖြစ်သူသည် ကျတော့်ကိုသားငယ်တစ်ယောက်လိုချစ်ပါ
တယ်။အဘွားလေးဟုကျတော်ခေါ်ရသော
မေမေ့ရဲ့အဒေါ်တွင် သားတစ်ယောက်နဲ့
သမီးတစ်ယောက်ရှိတယ်တဲ့။အဘွားလေးက
ကျန်းမာရေးချို့တဲ့သူဖြစ်ကာ အိမ်ရဲ့ကိစ္စအဝ
ဝကို တာဝန်မယူနိုင်ခဲ့သည်မှာ (၂)နှစ်နီးပါးရှိ
ပြီဖြစ်သောကြောင့် ရွာမှသူ့တူမရဲ့သား ကျတော့်ကို ခေါ်လိုက်ရတာတဲ့။
![](https://img.wattpad.com/cover/162983951-288-k116009.jpg)