ကျတော့်ရဲ့ကိုကို'Final Part'

289 19 0
                                    

Short storyဆိုပြီး အချိန်အကြာကြီးပျောက်သွားသော မိမိXD
ရေးပေးချင်စိတ်ကအမြဲရှိပါတယ်နော် မအားလို့သာမရေးဖြစ်တာ 😀😀

Soအခုစကားအများကြီးမပြောတော့ပါဘူး
ဇာတ်လမ်းစကြတာပေါ့ 😀😀😀

📖📖📖📖

ကျတော်ဘယ်လိုလုပ်ရမလဲ.ကိုကိုသိပ်ချစ်ရတဲ့
မိန်းကလေးက ကိုကို့ရုးံကအရာရှိတစ်ဦးရဲ့
သမီးတဲ့.ချောမှချော လှမှလှဆိုပဲ.အင်း..........
ကိုကိုနဲ့ဆို 'နေနဲ့လ ရွှေနဲ့မြ'လို့ဆိုရမှာပေါ့.
တကယ်တော့ ကိုကိုနဲ့ကျတော်ကမထိုက်တန်ပါ
ဘူး.ကျတော့်လိုလူနဲ့ကိုကိုက ဘယ်လိုမှမအပ်
စပ်ပါဘူး.ကျတော့်ဘက်ကကိုကို့ကိုစွန့်လွှတ်
လိုက်ရလဲ ဘာတတ်နိုင်မှာလဲ ဝမ်းနည်းကြေကွဲ
ရုံပေါ့.ဒါပေမဲ့ ကိုကို ကျတော်ကိုကို့အတွက်ထာ
ဝရ ညီလေးဖြစ်ခွင့်ပြုပါနော်.
ကိုကိုကသာကျတော့်အပေါ် ညီလေးတစ်ဦး
ထက်ပိုတဲ့အချစ်တွေသာ ပေးခဲ့မယ်ဆိုရင်
ကျတော်လောက်ပျော်မယ့်သူလောကမှာရှိမှာ
မဟုတ်တော့ဘူး.ကျတော်အသည်းနင့်အောင်
ချစ်ခဲ့ပါတယ်ကိုကို........

ကျတော့်ဘဝရဲ့အိပ်မက်ကမ္ဘာလေးလုးံဝပျက်
သုဉ်းတဲ့နေ့ကတော့ ကိုကိုသူ့ချစ်သူကိုအိမ်ခေါ်
လာတဲ့နေ့ပေါ့.....
ကိုကိုကသူ့ချစ်သူကို ထမင်းကအစဂရုတစိုက်နဲ့
ခူးခပ်ကျွေးတာ..ကောင်မလေးကငါးအရိုးမနွှင်
တတ်ဘူးဆိုတော့လဲ ကိုကိုကိုယ်တိုင်အရိုးနွှင်
ပြီးခွံ့ကျွေးတာ.အရင်ကဆိုကိုကိုအရိုးဆူးမှာစိုး
လို့ ကျတော်ကိုယ်တိုင်အရိုးနွှင်ပေးခဲ့တာ ကိုကို
သတိမှရသေးရဲ့လား.သူ့ချစ်သူ ထမင်းသီးတော့
လဲ ရေကိုအပြေးအလွှားခပ်တိုက်ရတာအမော.
ကျတော်လေ ကိုကို့ဆီကအခုလိုဂရုစိုက်မှုတွေ
မရရင်နေပါစေ.ကိုကို့ ကိုချစ်နေခွင့်လေးပဲလိုချင်
တာပါ.ဒါပေမဲ့ ကိုကိုရယ်ကျတော့်အတွက် အ
မှောင်ဖုးံတဲ့နေ့တွေပဲ ဖြတ်သန်းနေရပါတယ်.
     ✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖




     ဒီနေ့ကကိုကိုဆုးံတာ(7)နှစ်ပြည့်တဲ့နေ့လေ.ကိုကိုက ကျတော်တို့ကိုခွဲသွားတာ(7)နှစ်တောင်ရှိ
ခဲ့ပြီ.ကိုကိုမဆုးံခင်က ကျတော့်အတွက်ဆိုပြီး
လက်ပတ်နာရီလေးဝယ်ပေးခဲ့သေးတာ.
ကျတော်အခုထိသိမ်းထားဆဲပါ ကိုကို..
ကိုကို ကားမှောက်လို့ဆေးရုံ ရောက်တဲ့နေ့က
ကိုကိုမသေပါစေနဲ့ဆိုပြီး ဆုတောင်းရင်းသွေး
တွေသုတ်ပေးခဲ့တာ ကိုကိုမသိခဲ့ဘူး.မျက်ရည်
တွေနဲ့စိတ်တွေဂယောက်ဂယက်ဖြစ်ခဲ့ရတာ
ကိုကိုမမြင်ခဲ့ဘူးမလား.ဆေးရုံလှေကားမှာ
ထိုင်ပြီး ဘယ်သူမှမသိအောင် တစ်ယောက်ထဲ
ကြိတ်ငိုခဲ့တာ သိပ်ချစ်လို့ပါကိုကို.ကိုကိုဆုးံပြီ
ဆိုတာကြားရချင်းအဘွားလေးနဲ့မမတို့ငိုတာ
ကို ကြောင်ပြီးငေးကြည့်နေမိခဲ့တဲ့ကျတော်က
ဘယ်လောက်အထိခံစားခဲ့ရလဲဆိုတာ တမလွန်
မှာရှိနေတဲ့ ကိုကိုသိပါ့မလား.ကိုကိုရယ်ဖြစ်မှ
ဖြစ်ရလေဆိုပြီးယူကြုးံမရဖြစ်ခဲ့ရတဲ့ ကျတော်ပါ.
ကိုကို့ကို ထာဝရမတွေ့ရတော့ဘူးဆိုတာ သိ
လိုက်ရချိန် ကျတော့်အဲ့နေရာမှာပဲ မေ့မြောသွား
ခဲ့တယ် ကိုကို.လူတွေကစုပ်တသပ်သပ်နဲ့ပြော
ကြတယ်ကိုကို 'ဒီကောင်လေးသူ့အကိုကိုသိပ်
ခင်တွယ်တာပဲ'ဆိုပြီး.မလုံလောက်ပါဘူးကိုကို.
သူတို့တွေကကျတော့်ခံစားချက်ကိုသေချာမသိ
ကြဘူးကိုကို.ကျတော်ကိုကို့ကိုခင်တွယ်ရုံဘယ်
ကမလဲ.သိပ်ချစ်ခဲ့တာပေါ့.ကျတော့်မျက်စိ
အောက်ကအပျောက်မခံနိုင်လောက်အောင်
ချစ်ခဲ့တာ ကိုကို..... ...

"MingHao,ဟိုမှာမင်းကိုကိုရဲ့ ချစ်သူလာတယ်
သူ့ယောကျာ်းနဲ့ကလေးလဲ ပါတယ်. သွား.....
သွား..... သွား နှုတ်ဆက်လိုက်ချေ "
လို့အဘွားလေးပြောလို့ လှမ်းကြည့်မိတော့
အဆက်အသွယ်မလုပ်တာ (6)နှစ်ခန့်ရှိနေပြီ
ဖြစ်သော ကိုကိုအလွန်ချစ်ရပါသော ကိုကို့ချစ်
သူကို တွေ့ရတယ်.  အခုဆို ကိုကိုလဲ ဘယ်
ဘုံဘဝကို ရောက်နေပြီလဲနော်.  ကိုကို့ချစ်သူ
ကတော့ ကလေးနဲ့ယောကျာ်းနဲ့ ဖြစ်နေပြီ ကိုကို
ရေ.  ကိုကို သူတို့ကိုကြည့်ပြီး ဝမ်းနည်းကြေကွဲ
နေမလား (ဒါမှမဟုတ်) ပျော်ရွှင်ကျေနပ်နေမ
လား. ကျတော့်အထင် ကိုကို့လိုစိတ်ကောင်းရှိ
တဲ့လူကတော့ ဝမ်းသာနေမှာပါ...............

ကိုကို........အခုဆိုကျတော့်အသက်(25)နှစ်ရှိ
နေပြီ... ကိုကိုသာသက်ရှိထင်ရှားရှိနေသေးရင်
"Ming Er,မင်း မိန်းမ မယူသေးဘူးလား "လို့
ကိုကို စနောက်နေမယ်ထင်တယ်နော်....
ကိုကို စတာနောက်တာတွေ ဘယ်လောက်ပဲ
ခေါက်ရိုးကျိုးခဲ့ကျိုးခဲ့ ကိုကို့ရှေ့မှာစိတ်တိုချင်ဟန်
ဆောင်ချင်သေးတာ ကျတော့အတွက်သေချာ
တာထက်ပိုသေချာပါတယ် ကိုကို......

အချိန်တွေကြာလို့ ဘယ်သူတွေဘယ်လိုပဲ ကိုကို့
ကိုမေ့သွားပါစေ ကျတော်ကတော့ ချစ်ရတဲ့ကို
ကိုဆိုတဲ့လူသားကို ဘယ်သောအခါမှမေ့မှာမ
ဟုတ်ပါဘူး ကိုကို...............................






The END 🔚🔚🔚🔚🔚🔚🔚🔚🔚🔚

နောက်ဆုံးတော့နှစ်မကူးခင်အပြီးရေးနိုင်ခဲ့ပါပြီ

ကျတော့်ရဲ့ကိုကိုWhere stories live. Discover now