VII

5.3K 646 24
                                    

Zawgyi

          ကျတော် jimin hyung တို့အိမ်ရောက်တာ တစ်ပတ်ကျော်သွားပြီ။အခြေအနေက... ထူးခြားလာ လား မမေးချင်ပါနဲ့.... ပိုမိုးဆိုးဝါးလာခဲ့တယ်။

အကောင်းအတိုင်းမြင်ရရင်လဲခဏလေးပါပဲ။ rapmon hyung နဲ့ကျတော် jimin hyung ကိုတစ်ယောက်ကတလှည့်စီစောင့်ပေးသော်လည်း ကျတော် အိမ်မှာတခါတစ်ရံမရှိရင် jimin hyung ကအိမ်တံခါးဝမှာ ငုပ်တုပ်ထိုင်စောင့်နေတယ်ဆိုတာ rapmon hyung ပြောလို့သိရသည်။

ပြီးရင် သူ့အခန်းထဲကို အဝင်မခံ... lock တောင်ချလိုက်သေးသည်။ ခဏကြာရင်အခန်းထဲမှာ အော်ဟစ်သံ ဒါမှမဟုတ် တခုခု ပေါက်ခွဲသံတွေက အစဉ်မပြတ်သာကြားရသည်။

ကျတော့်က သူ့အခန်းထဲဝင်လာရင်ပြောနေကြစကား....
"ဒီအခန်းက မင်းအခန်းမဟုတ်ဘူး jeon jungkook ထွက်သွားထွက်သွား... ငါ့ရှေ့က ထွက်သွား... အားးးးးးး ထွက်သွားပေး နတ်ဆိုးကောင် "
အဲ့လို နာကျင်စရာ စကားတွေကြားရသည်။
ပစ္စည်းတွေကိုတခါတလေ ဖျက်စီးပြီး တခါတလေ အော်ဟစ်ကာ ရယ်နေသေးသည်။... သူ့အသားကို နာကျင်အောင်လုပ်တဲ့ရက်ကမနည်းဘူး

အခုဆို သူ့ရဲ့ လည်းပင်းက အစ ခြေဖဝါးမှာ ဒဏ်ရာတွေဆိုတာ မနည်းဘူး ....
"မလုပ်ပါနဲ့ hyung လုပ်ရင် ကျတော်ပါ နာကျင်ရတယ်"ဆို ချက်ချင်းငြိမ်ကျသွားပြီး သူ့ရဲ့အပြုအမူတခုက ကျတော့်ပါးပြင်ကို သူ့ရဲ့သွေးစွန်းနေတတ်တဲ့သူ့လက်နဲ့ ကိုင်တွယ်ရင်း
"jungkookie မနာကျင်ရဘူး အင်း hyung ပဲ hyung တစ်ယောက်ပဲခံစားမှရနော် မနာကျင်ရဘူး မနာကျင်ဘူး ဟုတ်တယ် မနာကျင်ဘူး... ဘယ်သူမှမနာကျင်ဘူး hyung တစ်ယောက်ပဲနာကျင်မှာ"
ကျတော့်ကြောင့်ဖြစ်ခဲ့ရတယ်ဆိုတာ ကျတော်သိလိုက်ပါပြီ။ ကျတော်သာ အချိန်မှီသိခဲ့ရင် ဒီလို အိမ်မက်ဆိုးတွေ မဖြစ်လာတော့ဘူး။ကျတော် အသုံးမကျလို့ပါ

"jung...kook"

အသံလာရာကြည့်တော့ rapmon hyung ပင်....

"အပြင်ဘက်က အေးနေတာကို ဘာကြောင့်အပြင်ထွက်ထိုင်နေတာလဲ jungkook စဉ်းစားခန်းဖွင့်နေပြန်ပြီလား"

ကျတော်ရယ်လိုက်မိ၍ ဘေးက rapmon hyung လည်း ခပ်ပြုံးပြုံးသာ

"ကျတော် ဘာလုပ်ပေးရင် အဆင်ပြေနိုင်မလဲဆိုတာ ကျတော့် ပြုပြင်ဖို့အတွက်ရောပေါ့ စဉ်းစားနေတာ"

Fallen Tears Where stories live. Discover now