တီ....တီ....တီ.....
မကိုင်မချင်းခေါ်နေဦးမှာဖြစ်တဲ့ ဖုန်းကို Sehun စိတ်ရှုပ်
ထွေးစွာကိုင်လိုက်တယ်....."Hello..."
"Hello Hun လား Baekရဲ့ မျက်စဉ်းဆေးဘယ်မှာ
ထားမိလဲမသိဘူး...""မှန်တင်ခုံအောက်ဆုံးထပ်မှာ"
စက္ကန့်ပိုင်းလောက်ကြာတော့....'တွေ့ပြီ'
သူရှာလို့တွေ့သွားပုံရတယ်....ပျော်သွားတဲ့အသံလေး....
သူ့အသံက ချစ်ဖို့ကောင်းနေတုန်းပဲ....
"Hun တွေ့ပြီသိလား Hun သာမရှိရင် ခဏခဏ
မေ့တတ်တဲ့ Baekတော့ ဒုက္ခပဲ ""အင်း Baekhyun မင်းမေ့တတ်တာက
မျက်နှာပြောင်နေသလိုပဲ....""Hun ဘာကိုဆိုလို..."
"ငါတို့ လမ်းခွဲတာ မနက်ဖြန်ဆို တစ်လပြည့်တော့မယ်
လေ...."လေထုက ခဏငြိမ်သက်သွားတယ်....
ဖုန်းချသွားတယ်အထင်နဲ့ နားမှာကပ်ထားတဲ့ဖုန်းစခရင်မ်ကို
ခွာကြည့်လိုက်တော့ကိုင်ထားတုန်းပဲ...."ဆောရီး Sehun ငါတော်တော်ဆိုးတာပဲ
ကိုယ့်ဘက်က စလမ်းခွဲတဲ့သူကိုမှမေ့ရတယ်လို့
ငါတောင်းပန်ပါတယ် နှောက်ယှက်မိပြီ"ကျသွားတဲ့ ဖုန်းလေးကို Sehun ကြည့်နေတုန်းပဲ....
ခေါ်ဆိုချိန် ၁၀မိနစ်တောင်မပြည့်တဲ့ ဖုန်းခေါ်ဆိုချိန်လေး
နေရာမှာအရင်ကတော့ ဖုန်းတစ်ခုလုံး ပူလောင်နေအောင်
ချစ်စကားပြောခဲ့ကြတဲ့ အမှတ်တရတွေက ရှိနေခဲ့တယ်..."မင်းကိုယ့်ကို ဘယ်လိုလုပ်စေချင်နေတာလဲ Baekhyunရာ"
.......
Hello October *-*
YOU ARE READING
Happy Ending ||Complete||
Fanfictionဝမ်းနည်းတယ်လို့ထင်ရပေမယ့် ဇာတ်သိမ်းလေးလှတဲ့ ပုံပြင်တစ်ပုဒ်ကိုပြောပြမယ်.... (SeBaek) short story