2

810 98 7
                                    

Sehun မနေ့ညက Baekhyun ကို
တအားစိတ်တိုပြီး
သူ့တို့အခန်းမှာ မအိပ်ဘဲ စာကြည့်ခန်းမှာသာအိပ်ဖြစ်တယ်...
စိတ်ဆိုးသည်ဆိုတာထက် ဝမ်းနည်းခြင်းဖြစ်သည်...
Baekhyunက သူနဲ့ မတွဲခင်ကတည်းက
အမေ့သန်လွန်းသူဖြစ်သည် ကျောင်းက အိမ်စာပေးရင်လည်း
မေ့လာတတ်သဖြင့် အပြစ်ဒဏ်မခံရအောင်
သူကအမြဲရေးပေးရသည်....

သို့သော်Baekhyun က
အစွဲအလန်းကြီးသူဖြစ်တာကြောင့် သူတို့စတွဲကတည်းက
တစ်ခါမှ anni တွေကိုမမေ့ခဲ့ဘူးပေ....

သို့သော်လွန်ခဲ့တဲ့သုံးလလောက်ကစပြီး anni တွေကို
မေ့လျော့နေတတ်သည်....
ချိန်းဆိုထားသည်ကိုလည်း ပျက်ပြားလာသည်....

Sehun စိတ်ရှုပ်ထွေးစွာ ခေါင်းကိုဆွဲဖွလိုက်သည်....

ယောက်ျားလေးတစ်နှင့်တွဲနေရ၍ Baekhyun သူ့ကို
စိတ်ပျက်နေပြီလားဆိုသည့်အတွေးက တွေးရင်းနဲ့ပင်
အာခြောက်စေသည်....

ရေအရမ်းဆာ၍ အောက်ထပ်မှာ ရေသွားသောက်ဖို့
ပြင်လိုက်တယ်.....

Sehun အောက်ကို ဆင်းသွားတော့ Baekhyun က
ဆိုဖာပေါ်မှာ စောင်လေးခြုံပြီးအိပ်နေတယ်......

Baekhyunက သူမရှိရင် အခန်းထဲမအိပ်ဘူးလို့
ပြောထားတာကို သတိရသွားပြီး နှုတ်ခမ်းတို့တွန့်ကွေးသွား
တယ် တအားကလေးဆန်တဲ့ချစ်ရသူပါလေ....

ရေခဲသေတ္တာကိုဖွင့်လိုက်ပြီးရေဘူးကိုဆွဲထုတ်လိုက်တော့
တောက်ခနဲ ပစ္စည်းတစ်ခုခုပြုတ်ကျသွားတော့
ကြည့်လိုက်တော့ Baekhyun ရဲ့ဖုန်း....

ဘယ်လောက်ထည့်ထားတာကြာနေပြီလဲမသိ ရေခဲခန်းတွင်
ထည့်ထားသည်မို့အေးစက်ကာ ဖွင့်၍ပင်မရတော့ပေ....

Sehun, Baekhyun ဖုန်းကိုအကြာကြီး
အတွေးများစွာနဲ့ စိုက်ကြည့်နေမိတယ်.....

.....................................................................

"ကျွန်တော် အသက်ကို ရနိုင်သလောက်ဆွဲဆန့်ချင်ပါတယ်
ဆရာ ကျွန်တော့်ကို ကူညီပါဦး ကျွန်တော်လေ ကျွန်တော့်
ချစ်သူနဲ့ အကြာကြီးနေချင်သေးတာ သားသားမီးမီးလေးတွေ
လည်းမွေးစားပြီး ပျော်ပျော်နေဖို့ ဆုံးဖြတ်ထားတာ... ဟင့်."

Happy Ending ||Complete||Where stories live. Discover now